သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် - အာဆီယံ ဆက်ဆံရေးကောင်းဖို့လိုအပ်


 နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမေရိကန်သမ္မတDonald Trump။
နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမေရိကန်သမ္မတDonald Trump။

တောင်တရုတ်ပင်လယ်ထဲက ရေပြင်နယ်နိမိတ် အငြင်းပွားမှုပြဿနာထက် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်အပေါ် အမေရိကန်က အာရုံစိုက်လွန်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ အမေရိကန်က အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်ဆိုတာကို ပြန်လည်ပြသခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ပိုင်နက်အငြင်းပွားမှုလို အရှေ့တောင်အာရှ မဟာမိတ်နိုင်ငံတွေအတွက် အရေးကြီးတဲ့ကိစ္စတွေထက် မြောက်ကိုရီးယားအပေါ် အမေရိကန်က သိပ်ကိုအာရုံစိုက်လွန်းတယ်ဆိုတဲ့ အမြင်မရောက်စေဖို့အရေးကြီးတယ်လို့ လေ့လာသူတချို့က သတိပေးခဲ့ကြတာပါ။

အရှေ့တောင်အာရှဒေသတွင်းမှာ တရုတ်ကသူ့ရဲ့ သြဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ကြိုးစားနေချိန်မှာ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားမှုတွေနဲ့ပါတ်သက်လို့ ရေရှည်သဘောတူညီမှုရရှိနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံကတွေက လိုလားနေကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကိစ္စနဲ့ Pacific ရပ်ဝန်းနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် TPP ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်တွေကြောင့် Trump အစိုးရသစ်ရဲ့ မူဝါဒက ဘယ်လိုလည်းဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အာဆီယံအဖွဲ့ကြီးနဲ့ လွတ်လပ်မျှတတဲ့ ကုန်သွယ်မှု တိုးမြှင့်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေဟာ အမေရိကန်ပို့ကုန်ဒေါ်လာ ၁၀၀ ဘီလျံကျော်ဖိုး နှစ်စဉ်ဝယ်ယူနေပြီး၊ ကုန်သွယ်ရေးပမာဏကြောင့် အမေရိကန်အလုပ်အကိုင် ၅ သိန်းကျော်ကို အထောကအကူဖြစ်စေတယ်လို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောပါတယ်။

နောက်သီတင်း ၂ ပါတ်အကြာ မေလ ၄ ရက်နေ့ကျရင် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဝါရှင်တန်မြို့တော်မှာ တေ့ွဆုံဖို့လည်း စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG