သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ မြောက်ကိုရီးယားခြိမ်းခြောက်မှုဆွေးနွေးနေပြီ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့် အစည်းအဝေးခမ်းမမြင်ကွင်း။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့် အစည်းအဝေးခမ်းမမြင်ကွင်း။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ ဒီကနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဆင့်မြင့် အစည်းအဝေးတရပ်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ ဒါဟာ မစ္စတာ Tillerson ကုလသမဂ္ဂမှာ ပထမဆုံးအကြိမ် ပွဲဦးထွက်တွေ့ရတာလည်း ဖြစ်ပါတယ်။ ကြာသပတေးနေ့က Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ Tillerson က - မြောက်ကိုရီးယားဘက်က နောက်ထပ် နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဆောင်လာမယ် ဆိုရင် တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ သတိပေး ပြောဆိုထားတဲ့အကြောင်း ပြောဆိုသွားပါတယ်။

ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က တကယ်ပဲ အဲဒီလိုသတိပေးခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ တရုတ်နိုင်ငံခြားရေးဌာနက အတည်ပြုခြင်း မရှိသလို၊ ငြင်းဆန်ပြောဆိုတာလည်း မရှိခဲ့ပါဘူး။ ဝန်ကြီး Tillerson ကတော့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အမေရိကန်က ချမှတ်ထားတဲ့ မဟာဗျူဟာမှာ - တရုတ်နိုင်ငံရဲ့ အကူအညီယူပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကို ဖိအားပေးသွားဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားအနေနဲ့ နောက်ထပ် နျူကလီးယား စမ်းသပ်မှုတွေ လုပ်လာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ သီးခြား ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်သွားမယ်ဆိုတာကို မြောက်ကိုးရီးယားကို အသိပေးတဲ့အကြောင်းကို တရုတ်အစိုးရက အမေရိကန်အစိုးရကို ပြောခဲ့တဲ့ အကြောင်း ဝန်ကြီး Tillerson က ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။

တရုတ်အစိုးရအနေနဲ့ မြောက်ကိုရီယား နျူကလီးယား အစီအစဉ်တွေကို အဆုံးသတ်စေချင်ပေမဲ့လို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မပါဘဲ တနိုင်ငံတည်းက ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာမျိုးကိုတော့ ဆန့်ကျင်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG