သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလေကြောင်း တိုက်ခိုက်မှု ကယ်ဆယ်ရေးဝန်ထမ်း ၈ဦး သေဆုံး


ဆီးရီးယားက သူပုန်တို့ ထိန်းချုပ်ရာ Hama ပြည်နယ်
ဆီးရီးယားက သူပုန်တို့ ထိန်းချုပ်ရာ Hama ပြည်နယ်

ခမောက်ဖြူ အဖွဲ့လို့ သိကြတဲ့ ဆီးရီးယား ကယ်ဆယ်ရေး အဖွဲ့က အဖွဲ့ဝင် ၈ ဦးတို့ မနေ့ စနေနေ့က လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရပါတယ်။ သူပုန်တို့ ထိန်းချုပ်ရာ Hama ပြည်နယ်ထဲက သူတို့ရုံးကို လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့တာလို့ အဖွဲ့နဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတို့က ပြောဆိုကြပါတယ်။

Kfar Zeita က အဖွဲ့ရဲ့ ရုံးကို တိုက်ခိုက်မှု အတွင်း ထိမှန်ခဲ့တာကြောင့် လုပ်အားပေး ၈ ဦး သေဆုံးခဲ့တာမှာ ၅ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး တခြားသူတွေကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ အဖွဲ့က ပြောပါတယ်။ မနေ့ စနေနေ့က တိုက်ခိုက်မှုက ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရပါဘူး။

ဒါပေမယ့် ၆ နှစ်ကြာ ပြည်တွင်းစစ် အတွင်း Hama ပြည်နယ်လို သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေကို ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် ဒီသတင်းပတ်တွေ အတွင်းမှာဘဲ ရုရှားနဲ့ အီရန်တို့ ထောက်ပံ့ ပေးထားတဲ့ ဆီးရီးယား စစ်တပ်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဗုံးကျဲခံရတဲ့ ဒေသတွေက အသက်ရှင် ကျန်ရစ်သူတွေကို ဆွဲထုတ် ကယ်တင်တာမျိုး စစ်တလင်းမှာ ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေကြောင့် ခမောက်ဖြူ အဖွဲ့ဟာ ကမ္ဘာတလွှား လူသိများလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG