မြန်မာ့စိုက်ပျိုးထုတ်ကုန်နဲ့ အရည်အသွေး
မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့တဲ့ စိုက်ပျိုးရေးပို့ကုန်တွေ အရည်အသွေးမြင့်မားလာအောင် နည်းပညာနဲ့ အသိပညာတွေ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဈေးကွက်ခိုင်မာလာဖို့ ဆိုရင် စားသုံးသူတွေကိုလည်း ပညာပေးဖို့ လိုမယ်လို့ ဓာတုဆေးမသုံးတဲ့ Organic သီးနှံ့စိုက်ပျိုးနေသူတွေက ပြောဆိုကြတဲ့အကြောင်း မြစ်မခသတင်းအေဂျင်စီက ကိုကောင်းမြတ်ဖြိုးက ဗွီအိုအေ အတွက် သတင်းပေးပို့ထားပါတယ်။