သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင့်မြင့်ပညာရေးမှာ လူ့အခွင့်အရေးဘာသာရပ် သင်တော့မယ်


၂၀၁၂ ခုနှစ်က ရန်ကုန်မြို့၊ Inya Lake ဟော်တယ်တွင်ကျင်းပသည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် မိန့်ခွန်းပြောနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ ဒီဇင်ဘာ ၁၀၊ ၂၀၁၂။
၂၀၁၂ ခုနှစ်က ရန်ကုန်မြို့၊ Inya Lake ဟော်တယ်တွင်ကျင်းပသည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် မိန့်ခွန်းပြောနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ ဒီဇင်ဘာ ၁၀၊ ၂၀၁၂။

လူ့အခွင့်ရေးဆိုင်ရာ ဘာသာရပ်ကို လာမယ့် စာသင်နှစ်ကနေစပြီး အဆင့်မြင့်ပညာရေးမှာ ဘာသာရပ်တခုအနေနဲ့ သင်ကြားသွားဖို့ စီစဉ်ထားတယ်လို့ ပညာရေး ဝန်ကြီးကပြောလိုက်ပါတယ်။ ဒါ့အပြင် အခြေခံပညာရေးမှာ ထည့်သွင်းသင်ကြားတဲ့အခါမှာလည်း ပိုမိုထိရောက်တဲ့သင်ကြားရေးဖြစ်ဖို့ လုပ်ဆောင်မယ် လို့ ပြောပါ တယ်။ ဒီအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေက ကြိုဆိုကြပေမဲ့ သင်ကြားရေးပိုင်းမှာ အခြေခံကျကျ နည်းစနစ်မှန်မှန် သင်ကြားနိုင်ဖို့နဲ့ အခြေခံလူ့ခွင့်အရေး ဆိုတာကို သေချာတိကျစွာဖော်ပြနိုင်မယ့် သင်ကြားရေးဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ခုလိုပြောဆိုခဲ့တာပါ။ ကုလသမဂ ကထုတ်ပြန် ထားတဲ့ အပြည်ပြည်ဆိုင်ရာလု့အခွင့်အရေးကြေငြာစတမ်းဆိုတာ လူတဦးချင်းဆီခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူရမယ့် တာဝန်ဝတရား တွေကို ဖော်ပြသတ်မှတ် ထားတဲ့ အခြေခံလူ့အခွင့်အရေးသတ်မှတ်ချက်ဖြစ်ပါတယ်။ ဒီအချက်တွေကို လာမယ့် စာသင်နှစ်ကစပြီး အဆင့်မြင့်ပညာရေးရဲ့ ဥပဒေပဘာသာရပ်မှာ ဘာသာတခု အနေနဲ့သင်ယူစေတော့မှာပါ။ ဒီပြင်အခြေခံပညာရေးပိုင်းသင်ကြားမှုမှာလည်း ထည့်သွင်းသင်ကြားတာမှာ ပိုမိုထိရောက်စေဖို့ လုပ်ဆောင်မယ့် အပိုင်းကို ဒေါက်တာ မျိုးသိမ်းကြီးက အခုလိုပြောပြပါတယ်။

“၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်ပြုလုပ်တဲ့ ဥပဒေပညာသင်ကြားရေး အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ Human Rights Law ဘာသာရပ်ကို တတိယနှစ်ကျောင်းသူ၊ ကျောင်းသားများအတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ ဘွဲ့အကြို core course အနေဖြင့် ထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ်။”

ဒီလို သင်ကြားရေးပိုင်းလုပ်ဆောင်ချက်တွေအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ကြိုဆိုကြပါတယ်။ ဒီ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အချို့အချက်တွေကို စစ်အစိုးရလက်ထက်ကတည်းက လူ့အခွင့်အလမ်းဘာသာရပ်အနေနဲ့ အခြေခံပညာကဏ္ဍမှာ သင်ကြားခဲ့ဖူးတာရှိပါတယ်။ ဒီလိုသင်ကြားတာမှာ ရပိုင်ခွင့် အခွင့်အလမ်းဆိုတာထက် တာဝန်ပိုင်းကို သာဦးစားပေးဖော်ပြတဲ့ ပြည်သူ့နီတိတွေကိုသာ သင်ကြားစေခဲ့ပြီး တကယ့် လူ့အခွင့်အရေးပိုင်းတွေကိုတော့ သင်ကြားပေးခဲ့တာ မရှိခဲ့ပါဘူး။ သမတဟောင်း ဦးသိန်းစိန်လက်ထက်မှာတော့ ကလေးသူငယ် အခွင့်အရေးတွေကို ဖော်ပြထားတဲ့ သင်ခန်းစာတွေကို အခြေခံပညာကဏ္ဍမှာထည့်သွင်းခဲ့ပေမယ့် ထိရောက်တဲ့သင်ကြားမှု၊ စနစ်တကျ သင်ပြနိုင်မှုတွေမရှိခဲ့တာတွေ ရှိခဲ့တာကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့တာတွေ ရှိတယ်လို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုတာကို တိကျစွာသုံးနှုန်းတင်ပြဖို့ ခေတ်အဆက် ဆက် အစိုးရတွေက ခေါင်းရှောင်ခဲ့တာတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြမှုတွေရှိခဲ့ပါတယ်။ အခုတကြိမ် သင်ကြားမှုပိုင်မှာ ထည့်သွင်းသင်ကြားတာမှာ လိုသလို ပုံသွင်း မှုတွေကိုဖော်ပြမယ့် သင်ရိုးညွှန်းတမ်းတွေ ဖြစ်မလာဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက လိုလားနေကြပါတယ်။

ပညာရေးကဏ္ဍသင်ကြားရေးနည်းစနစ်မှာ သင်ကြားဖို့ တာဝန်ယူတဲ့သူတွေကို အခြေခံကနေအစ စနစ်တကျ သင်ကြားပေးပြီး မှသာ ကလေးတွေကို သင်ကြားဖို့လို အက်တယ်လို့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြတာတွေရှိနေပါတယ်။ ထေိရောက်တဲ့ သင်ကြားမှု ဖြစ်စေဖို့ သင်ကြားတာမှာလည်း အလွတ်ကျက်ဆိုတာထက် ကလေးတယောက်ရဲ့စဉ်းစားပုံကနေတဆင့် သင်ယူရတဲ့ပုံစံမျိုးဖြစ်ဖို့လိုတယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူ တန်းတူညီမျှရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

“သင်ရိုးညွန်းတန်းတွေကို အစိုးရကျောင်းတွေမှာ သင်ကြားဖို့အတွက် လုပ်ဆောင်နေတာကြာပါပြီ။ အကောင်အထည်မဖော်နိုင်သေးပါဘူး။ သင်ကြားမယ်ဆိုရင်တောင်မှ သင်ကြားမယ့်သူရဲ့ အခန်းက ကဏ္ဍအရေးကြီးပါတယ်။ လူ့အခွင့်အရေးတွေကို နှတ်တိုက်ကျက်မှတ်ပြီးတော့ သင်ကြားမယ့်ပုံစံမျိုးလုပ်လို့ရှိရင် ကျနော်တို့က ဘက်စုံဖွံ့ဖြိုးတိုးတက်သောပညာရေး မဖြစ်နိုင်ပါဘူး။ နောက်တခါ နားမလည်ပဲသင်တဲ့အတွက် လူ့အခွင့်အရေးကို အယူအဆလွဲမှားမှာဖြစ်တဲ့အတွက် အန္တရာယ်အများကြီးရှိနိုင်ပါတယ်။ သင်ရိုးညွှန်းတန်းတွေကို ပြင်ဆင်တဲ့အချိန်မှာ ကလေးတွေကိုယ်တိုင်က ပါဝင်စည်းစားမှုကိုဖွင့်ပေးသော participatory နည်းလမ်းဖြစ်ဖို့လိုအပ်တယ်။ သင်ကြားတဲ့သူတွေကိုလည်း လေ့ကျင့်ပြီးမှ မှန်ကန်သော ဗဟုသုတတွေပေးနိုင်သော ကလေးတွေရဲ့ပါဝင်မှုကို လေးစားပြီးတော့ လူ့အခွင့်အရေး မူဝါဒတွေကို ကျင့်သုံးသော သူတွေဖြစ်ဖို့လိုအပ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ စာအရကျက်ပြီးတော့ တကယ်တမ်း ကျင့်သုံးနိုင်တဲ့အရာမျိုးမဖြစ်ရင်တော့ မှားယွင်းသောပညာရေးသင်ကြားမှုပုံစံဖြစ်နေတာကို သတိပြုသင့်ပါတယ်။”

NLD အစိုးရလက်ထက်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က လူ့အခွင့်အရေးစံနှုန်းတွေပိုတိုးတက်လာဖို့ မျှော်လင့်ထားကြသလို ခုလိုသင်ကြားရေးပိုင်း သင်ရိုးညွှန်းတမ်းမှာ သင်ကြားမယ့်အပိုင်းမှာလည်း ထိရောက်တဲ့ သင်ကြားမှုတွေနဲ့ကလေးတွေကိုသင်ကြားလာနိုင်ဖို့ ပညာရေးဝန်ကြီးကတော့ ဒီလူ့အခွင့်အရေးဆိုင်ရာသင်ကြားမှုတွေအပြင် ပြည်သူတွေပိုမိုသိရှိလာနိုင်ဖို့ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေကပါ အသိပညာပေးဖို့တွေပါ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG