သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဧရာမဗုံးဒဏ် စစ်သွေးကြွသေဆုံးသူ ၉၂ ဦးအထိတိုးလာ


အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တုန်းက ကြဲချခဲ့တဲ့ ဧရာမဗုံးကြီးကြောင့် သေဆုံးသူ စစ်သွေးကြွအရေအတွက် ၃ ဆ နီးပါးပိုများလာတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

၃၆ ယောက်သေဆုံးတယ်လို့ သောကြာနေ့တုန်းက ပြောခဲ့တာကနေ စစ်သွေးကြွ အနည်းဆုံး ၉၂ ယောက်သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောနေတာပါ။ ဗုံးကျတဲ့နေရာကို စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်သေးတယ်လို့ခန့်မှန်းကြပါတယ်။ အရပ်သားနဲ့ စစ်သားတွေ သေဆုံးတယ်ဆိုတဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။

IS စစ်သွေးကြွတွေ ရှိနေတယ်လို့သတင်းရတဲ့ အာဖဂန်နိုင်ငံထဲက ဒေသကို အမေရိကန်က ဧရာမဗုံးကြီး ကျဲခဲ့တာ ဖြစ်ပြီး Kabul မြို့က နိုင်ငံရေးနဲ့ စစ်ရေးအရာရှိတွေရဲ့ ထောက်ပံ့မှုကို ရခဲ့ပါတယ်။ ဒါပေမယ့် အာဖဂန်သမ္မတဟောင်း Hamid Karzai နဲ့ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်သံအမတ်တို့ကတော့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုံ့ချပါတယ်။

၉ မီတာ မြင့်ပြီး ၁၀ တန်လောင်လေးတဲ့ GBU-43 ဧရာမဗုံးကြီးကို အမေရိကန်က Nangarhar ပြည်နယ်ထဲက Achin ဒေသမှာ ကြာသပတေးနေ့တုန်းက ကြဲချခဲ့တာပါ။ IS စစ်သွေးကြွတွေကို ခြေမှုန်းတိုက်ဖျက်ရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီလို ဗုံးကျဲခဲ့တာလို့အမေရိကန်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG