သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ပြည်သူ့စစ် စစ်ရာဇဝတ်မှုကျူးလွန်နေဟု AI ထုတ်ပြန်


အီရတ်ပြည်သူ့စစ်အဖွဲ့
အီရတ်ပြည်သူ့စစ်အဖွဲ့

အီရတ်တပ်ဖွဲ့တွေနဲ့မဟာမိတ် ပြည်သူ့စစ်တွေဟာ အမေရိကန်၊ ရုရှားနဲ့ အီရန်အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံထက်မနည်းက အီရတ်စစ်တပ်ကိုပေးထားတဲ့ လက်နက်ခဲယမ်းတွေသုံးပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ AI က ဒီကနေ့ထုတ်တဲ့ အစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။

ရှီးယားမူစလင်တွေ အများဆုံးပါတဲ့ ပြည်သူ့စစ်တွေကို တစုတစည်းထဲအားဖြင့် Hashid Shaabi လို့ သိကြကြောင်း AI ကပြောပါ တယ်။ အီရတ်စစ်ဘက်ရဲ့ လက်နက်ခဲယမ်းတွေကိုသုံးပြီး တရားလက်လွတ် သတ်ဖြတ်တာနဲ့ နှိပ်စက်ညှဉ်းပန်းတာလို့ စစ် ရာဇဝတ်မှုတွေကို ဒီ ပြည်သူ့စစ်တွေက ကျူးလွန်နေတယ်လို့ AI က ပြောပါတယ်။

အီရတ်ကိုလွှဲပေးလိုက်တဲ့ လက်နက်ခဲယမ်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ နောက်ခံသမိုင်းကြောင်း ရှိ ထားဖူးတဲ့ ပြည်သူ့စစ်အုပ်စုတွေလက်ထဲ ရောက်သွားမယ့် တကယ့်အန္တရာယ် ရှိနေတယ်ဆိုတာကို အမေရိကန်၊ ဥရောပနိုင်ငံ တွေ၊ ရုရှားနဲ့ အီရန်အပါအဝင် လက်နက်ခဲယမ်း ထောက်ပံ့နေတဲ့ နိုင်ငံတွေအနေနဲ့ လက်ခံရပါမယ်လို့ AI သုတေသီ Patrick Wilcken က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အီရတ်ကို လက်နက်ရောင်းချင်တဲ့ နိုင်ငံတွေအနေနဲ့ ပြည်သူ့စစ်တွေက လူ့အခွင့်အရေးချိုးဖောက်ဖို့ အဲဒီလက်နက်တွေကို အသုံး မပြုရေး သေချာစေဖို့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို အရင်ဆုံးချမှတ်သင့်ပါတယ်လို့ Wilcken ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Hahid Shaabi ပြည်သူ့စစ်အဖွဲ့ ပြောခွင့်ရသူဘက်က လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG