သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံတော်အလံ ခြေသုတ်ဖုံလုပ်ရောင်းမှု ပြန်ရုပ်သိမ်း


အွန်လိုင်းအရောင်းဈေးကွက်ကြီး တခုဖြစ်တဲ့ Amazon ဝဘ်ဆိုဒ်မှာ အိန္ဒိယအလံ ပုံဖော်ထားတဲ့ ခြေသုတ်ဖုံတွေ ရောင်းချနေတဲ့အပေါ် အိန္ဒိယနိုင်ငံက စိတ်ဆိုးကြောင်း ပြသခဲ့သလို Amazon ဝန်ထမ်းတွေကို အိန္ဒိယက ဗီဇာ ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် အချေအတင်ဖြစ်စရာ ပစ္စည်းတွေ ရောင်းချနေတာကို Amazon က ဖယ်ရှားလိုက်ပါတယ်။

အိန္ဒိယဟာ နိုင်ငံတော်အလံကို စနစ်တကျ ချိတ်ဆွဲထားဖို့ တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းထားပြီး ဒီဥပဒေကို ချိုးဖောက်ရင် ငွေဒဏ်၊ ထောင်ဒဏ် အပြစ်ပေးနိုင်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကတော့ အလံခြေသုတ်ဖုံတွေ ရောင်းချခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့တာပါ။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က Twitter လူမှုကွန်ယက် အသုံးပြုသူတဦးက အိန္ဒိယအလံပုံ ခြေသုတ်ဖုံကို ဝဘ်ဆိုဒ်ကနေ ဓာတ်ပုံရိုက်ယူပြီး၊ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အရေးယူဖို့ တောင်းဆိုခဲ့ပြီးနောက်မှာပဲ အိန္ဒိယနိုင်ငံတော်အလံကို စော်ကားတဲ့ ပစ္စည်းတွေအားလုံးကို Amazon အနေနဲ့ ချက်ခြင်း ရုပ်သိမ်းဖို့နဲ့ ခြွင်းချက်မရှိ တောင်းပန်ဖို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ Amazon အနေနဲ့ ချက်ခြင်း တောင်းပန်မှု မလုပ်ဘူးဆိုရင် Amazon ဝန်ထမ်းတွေကို အိန္ဒိယက ဗီဇာ ထုတ်ပေးမှာမဟုတ်သလို အစောပိုင်းက ထုတ်ပေးထားတဲ့ ဗီဇာတွေကိုလည်း ပြန်ပြီး ရုပ်သိမ်းမှာဖြစ်တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Swaraj က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG