သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Guterres ကို ကုလအတွင်းရေးမှူးချုပ်အသစ်အဖြစ် အတည်ပြု


ကုအတွင်းရေးမှူးချုပ်အသစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ANTONIO GUTERRES
ကုအတွင်းရေးမှူးချုပ်အသစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ANTONIO GUTERRES

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Antonio Guterres ကို နောက်တက်လာမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်အဖြစ် ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ လုံခြုံရေးကောင်စီမှာ မစ္စတာ Guterres ကို အတွင်းရေးမှူးချုပ်သစ် အဖြစ် ခန့်အပ်ဖို့ အဆိုပြုခဲ့ကြပြီးတဲ့နောက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ဒါကို တခဲနက် ထောက်ခံ အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ Peter Thompson က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

မစ္စတာ Guterres ကို ဒီကနေ့ တရားဝင် အတည်ပြုရင်တော့ သူဟာ ဒီနှစ် ၂၀၁၆ နှစ်ကုန်မှာ တာဝန်သက်တမ်း ကုန်ဆုံးမယ့် လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာကို ဆက်ခံရမှာပါ။ မစ္စတာ ဘန်ကီမွန်းကတော့ ၂၀၀၆ ခုနှစ်ကစပြီး အတွင်းရေးမှူးချုပ် တာဝန်တွေကို ယူခဲ့တာဖြစ်ပါတယ်။

အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ Guterres ဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သလို၊ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အကြီးအကဲ တာဝန်ယူခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အခြေအနေ တရပ် ဖန်တီးလိုတာကြောင့် သူ့အနေနဲ့ ဒီတာဝန်ကို ထမ်းဆောင်လိုတာဖြစ်တယ်လို့ မစ္စတာ Guterres က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ဝင်ရောက်အရွေးခံဖို့ ကြိုးစားခဲ့ချိန်အတွင်း ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် အများစုကလည်း မစ္စတာ Guterres ကို ထောက်ခံကြသလို ဒါဟာ သိပ်ကောင်းတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG