သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ယာစွန်းကို သြစတြီးယား မရွေးချယ်


လက်ယာစွန်း လွတ်လပ်ရေးပါတီ သမ္မတလောင်း Norbert Hofer ရှုံးနိမ့်ခဲ့
လက်ယာစွန်း လွတ်လပ်ရေးပါတီ သမ္မတလောင်း Norbert Hofer ရှုံးနိမ့်ခဲ့

သြစတြီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က ပြန်ပြီးကျင်းပတဲ့ သမ္မတလောင်းရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်တဲ့ လက်ယာစွန်း လွတ်လပ်ရေးပါတီ သမ္မတလောင်း Norbert Hofer က ရှုံးနိမ့်ခဲ့ပြီး တသီးပုဂ္ဂလ သမ္မတလောင်း Alexander VanDer Bellen က အနိုင်ရရှိခဲ့ပါတယ်။

လေကြောင်း အင်ဂျင်နီယာဟောင်း နောဘတ် ဟိုဖာဟာ သမ္မတလောင်းရွေးကောက်ပွဲမှာ ဥရောပမှာ လူကြိုက်များနေတဲ့ ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး၊ ဥရောပသမဂ္ဂကနေ ခွဲထွက်ရေး စတဲ့ လှုပ်ရှားမှုတွေ နဲ့ စည်းရုံးခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဥရောပမှာ ရွှေ့ပြောင်းအခြေချမှု အကြပ်အတည်းဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲ တနှစ်ကျော်မှာ ဥရောပတလွှား အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာ၊ နောက် သြစတြီးယားနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်ကနေ ထောက်ပံမှုတွေရနေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအခြေချသူတွေကြောင့် တိုင်းပြည်မှာ ဘဏ္ဍာရေးအရ ဝန်ပိမှုတွေရှိနေတဲ့ အချက်တွေကြောင့် မွတ်ဆလင် ရွှေ့ပြောင်းအခြေချသူတွေအပေါ် အမျက်ဒေါသထွက်မှု စတာတွေနဲ့ ဝါစဉ်အရ နိုင်ငံရေးလုပ်ခဲ့မှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ သမ္မတလောင်း ရွေးကောက်ပွဲ မတိုင်ခင်က လွှမ်းမိုးခဲ့တာပါ။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူလည်းဖြစ် တသီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Alexander VanDer Bellen က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်းရွေးကောက်ပွဲမှာလည်း Mr. Bellen က Mr. Hofer ထက် မဲအရေအတွက် ၃၁,၀၀၀ ကျော်ရရှိပြီး အနိုင်ရခဲ့ပေမဲ့ မဲအရေအတွက် မှားယွင်းမှုတွေကြောင့် သြစတြီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ရွေးကောက်ပွဲရလာဒ်ကို ပဲဖျက်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၄) ရက်တနင်္ဂနွေနေ့က သမ္မတလောင်းရွေးကောက်ပွဲ ပြန်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။

လက်ယာစွန်းကို သြစတြီးယား မရွေးချယ်
please wait

No media source currently available

0:00 0:01:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG