သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်သစ်ရဲ့ အိန္ဒိယခရီးစဉ်


ဗြိတိန်ဝန်ကြီးချုပ်သစ်ရဲ့ အိန္ဒိယခရီးစဉ်
ဗြိတိန်ဝန်ကြီးချုပ်သစ်ရဲ့ အိန္ဒိယခရီးစဉ်

ဗြိတိသျှဝန်ကြီးချုပ် Theresa May ဟာ ဥရောပသမဂ္ဂပြင်ပ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ပထမဆုံးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံမှာ ဒီကနေ့ရောက်နေပါတယ်။ ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံထွက်ပြီးတဲ့နောက် ကမ္ဘာမှာ အမြန်ဆုံးကြီးထွားလာနေတဲ့ စီးပွားရေးအင်အားကြီး အိန္ဒိယနိုင်ငံနဲ့ ခိုင်မာအားကောင်းတဲ့ ကုန်သွယ်ဆက်ဆံရေး တည်ဆောက်ရေး အခြေခံတွေ ချမှတ်ဖို့ သွားတဲ့ခရီးစဉ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဗြိတိန်နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာ စည်းကမ်းတွေ ပိုပြီး တင်းကျပ်ထားတဲ့အပေါ် အိန္ဒိယက ဖိအားပေး ပြောဆိုဖို့လည်းရှိပါ တယ်။ အဲဒီဗီဇာဆိုင်ရာ သတ်မှတ်ချက်တွေကြောင့် ဗြိတိသျှတက္ကသိုလ်တွေမှာ ကျောင်းသွားတက်တဲ့ အိန္ဒိယကျောင်းသား အရေ အတွက် လျော့ကျသွားသလို ဗြိတိန်မှာ အလုပ်လုပ်နေတဲ့ အိန္ဒိယပညာရှင်တွေအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တာပါ။

ဒီခရီးစဉ်ဟာ EU ထဲကနေ ဗြိတိန်နိုင်ငံထွက်ပြီးနောက်ပိုင်း ကမ္ဘာတဝန်းက နိုင်ငံတွေနဲ့ ပိုပြီးခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက် ဖို့ဖြစ်တယ်လို့ ခရီးစဉ်မတိုင်ခင်မှာ ဗြိတိသျှဝန်ကြီးချုပ်က ပြောထားပါတယ်။

ပိုပြီးတင်းကျပ်တဲ့ လူဝင်မှုဆိုင်ရာ မူဝါဒတွေဟာ ပိုပြီးခိုင်မာတဲ့ စီးပွားရေးမိတ်ဘက်တွေ တည်ဆောက်ဖို့ ကြိုးပမ်းတာမှာ ဘယ်လို သက်ရောက်မယ်ဆိုတာကို အခုခရီးစဉ်က စမ်းသပ် ပြသလိမ့်မယ်လို့ နယူးဒေလီမြို့တော်အခြေစိုက် လေ့လာသူတွေက ပြောပါ တယ်။ အိန္ဒိယအနေနဲ့ ဗြိတိန်နိုင်ငံနဲ့ ကုန်သွယ်ဆက်ဆံရေး တိုးချဲ့လိုတာနဲ့အတူ အိန္ဒိယကျောင်းသားတွေနဲ့ ကျွမ်းကျင်လုပ်သား တွေ လွယ်လွယ်ကူကူ ဝင်ထွက်သွားလာခွင့်ကိုလည်း ရချင်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG