သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ရဲ့ ဂီးဒေါန် စခန်းကျ


KIA စစ်သည်များ
KIA စစ်သည်များ

KIA ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ကြား လေးလကြာ တိုက်ပွဲဖြစ် ပွားပြီးနောက် KIA ရဲ့အရေးပါတဲ့ Gidon ဂီးဒေါန် ရှေ့တန်းစခန်း ကျသွားပြီ ဖြစ်ပါတယ်။ မြန်မာတပ်မတော်ဘက်က ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တပ်အင်အား အလုံးအရင်း တိုက်ခိုက်လာတဲ့ အတွက် ဆုတ်ခွာပေး လိုက်တာဖြစ်တယ်လို့ KIA ကပြောပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေးရဖို့ ကျိုးစားနေချိန်မှာ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။ မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။

ဂီးဒေါန် ရှေ့တန်းစခန်း ကျသွားတဲ့အတွက် ကချင်ပြည်သူတွေ ဝမ်းမနည်းကြဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော်က မနေ့က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Naushwng ကချင် ပညာရေးကွန်ယက်က Seng Hkum က ပြောပါတယ်။

“ဗိုလ်ချုပ်ဂွမ်မော်ရဲ့ လက်ရေးနဲ့ ဖေ့စ်ဘွတ်မှာ ထုတ်ပြန်ချက်အရ ဆိုရင်တော့ မနေ့က ဂီးဒေါန်စခန်း ကျသွားပြီး ဆိုတာတော့ သေချာတယ်”

သောကြာနေ့က ဂီးဒေါန်စခန်း သိမ်းပိုက်နိုင် ခဲ့တဲ့အတွက် ကချင်ပြည်နယ် ဝိုင်းမော် နယ်မြေ ကတဆင့် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေး လမ်းကြောင်း၊ မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး ဆက်သွယ်ရေး ကားလမ်းအပါအဝင် နယ်စပ် တလျောက်မှာရှိတဲ့ KIA စခန်းတွေကြား အမာခံ ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်နိုင် ခဲ့ တယ်လို့ မြန်မာတပ်မတော်ရဲ့ မနေ့က သတင်းထုတ်ပြန် ချက်မှာ ဖေါ်ပြထား ပါတယ်။

KIO ဌာနချုပ် လိုင်ဇာအနီးမှာ ရှိနေတဲ့ ဂီးဒေါန်စခန်းကို မြန်မာစစ်တပ်က ဗုံးကြဲ တိုက်ခိုက် ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ပြေးနေရပြီး အခြေအနေတွေ စိုးရိမ်စရာ ကောင်းကြောင်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ပြောပါတယ်။

“ လိုင်ဇာကျောင်းတွေက အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီ၊ ဘာလို့လဲဆိုတော့ ဗုံးသီးတချို့က လိုင်ဇာနားကျတာ ရှိတယ်။ တချို့ဟာကျတော့ မြို့နား မြောက်ပိုင်းကို ကျတဲ့ဗုံးသီးတွေ ရှိတယ်။ လိုင်ဇာဌာနချုပ် အနီးမှာရှိတဲ့ ဂီးဒေါန် တောင်ကုန်းကို ၄ လတိုက်ခဲ့တာ၊ အခု အစိုးရကနေ ထိန်းချုပ်သွားနိုင်ပြီပေါ့ .. အဲလိုဆိုတော့ အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်”

ဒါ့အပြင် ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ ကချင်လူမျိုးတွေအတွက် သူတို့ အထွတ် အမြတ်ထားတဲ့ ခရစ်စမတ် ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာ စစ်တပ်ဘက်က အပြင်း အထန် ထိုးစစ် ဆင်နွဲှနေတာကို ကန့်ကွက် ရှုတ်ချကြောင်း Gum Sang က ဆိုပါတယ်။

မြန်မာတပ်မတော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ KIA စခန်းတွေကို စနေနေ့ကထိ ေ လကြောင်း အကူအညီအပါအဝင် လက်နက်ကြီးပစ်ကူပြီး သိမ်းပိုက်နိုင် ခဲ့ကြောင်းနဲ့ ဆုတ်ခွာသွားတဲ့ KIA တပ်သားတွေကို လက်နက်ကြီးတွေနဲ့ပစ်ပြီး လိုက်လံချေမှုန်း ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ မြန်မာ စစ်သားတချို့ ကျဆုံးဒဏ်ရာ ရခဲ့ပြီး KIA ဘက်က သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူတွေ အများအပြား ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို မြန်မာစစ်တပ်က အပြင်းအထန်ထိုးစစ် ဆင်နေတာဟာ NCA အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေး မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ေ တွမှာ အင်အား အကြီးဆုံးဖြစ်နေတဲ့ KIA ကို အားနည်းသွားအောင် ဖိအားပေး တယ်လို့ မြင်ကြောင်း ကချင်ပညာရေး အဖွဲ့က Seng Hkum ဆိုင်းခွန် ကပြော ပါတယ်။

“အဓိကကတော့ KIOကို NCA မှာလက်မှတ် ထိုးအောင် ဖိအားပေးတဲ့ အနေအထား လို့ ကျနော်မြင်ပါတယ်။ မြောက်ပိုင်းမဟာမိတ် အနေနဲ့ ဒီရှမ်းပြည်မြောက်ပိုင်း မုံးကိုး မှာ KIA ကပါဝင် တိုက်ခိုက်တယ်ဆိုတဲ့ အနေအထားကြောင့် စစ်တပ်က KIA ပေါ် မှာ ပိုမဲပြီးတော့မှ ဖိအားပေး တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ မြောက် ပိုင်းက နိုင်ငံရေး စစ်ရေးဖြစ်စဉ်တွေထဲမှာ KIA ကဦးဆောင်မှု ရှိနေတယ်ဆိုတဲ့ အနေအထားမှာ ဒီစစ်တပ်က ပိုပြီးဖိအားပေးနေတယ်လို့ ကျနော်မြင်ပါတယ် ”

ဒါအပြင် မြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေအပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ေ ဒါ်အောင်ဆန်းစုကြည်ဘက် နှုတ်ဆိတ်နေတဲ့အပေါ်မှာ ကချင် တိုင်းရင်းသားတွေ ဘက်က သူ့အပေါ်ယုံကြည်မှု ထိခိုက်စေတယ်လို့ ဆိုင်းခွန်က ဆိုပါတယ်။

“ ကျနော် တယောက်ထဲ အမြင်အရရော ကချင်လူထု ကြားမှာရော ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်တဲ့အမြင်တွေက တော်တော်လေးကို ကျသွားပြီလို့ မြင် တယ်။ ဒီ မုံးကိုးတိုက်ပွဲတွေ ကြည့်တဲ့အချိန်မှာ အချိန်နဲ့တပြေးညီကို နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီ ဖေ့စ်ဘွတ် ပေါ်မှာရော၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာနဲ့ အခြား မီဒီယာတွေမှာ ထုတ်ပြန်မှုတွေ အမြဲတမ်း ရှိနေတယ်။ သူ့ရဲ့ရုံးကနေ ထုတ်ပြန်တယ် ဆိုတော့ သူ့ရဲ့အမြင်တွေ ထင်ဟပ်တယ် ဆိုတာတော့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် အခုလိုမျိုး စစ်တပ်ဘက်က ထိုးစစ်လုပ်တဲ့ ဟာမျိုးကျတော့ ထုတ်ပြန်တာမျိုး ဘာမှမတွေ့ရဘူး ”

မနေ့ စနေနေ့ည အချိန်ထိ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာနဲ့ တရုတ်နယ်စပ် မှာရှိနေတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာတော့ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေေ ကြာင့် ထောင်ချီတဲ့ ဒုက္ခသည်တွေ စိုးရိမ်နေကြပြီး တရုတ်နိုင်ငံထဲ ထွက်ပြေးဖို့ ပြင် ဆင်နေကြောင်း ဒုက္ခသည် စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

KIA ရဲ့ ဂီးဒေါန် စခန်းက ျ
please wait

No media source currently available

0:00 0:04:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG