သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်ရေးနေ့ နေပြည်တော်မြင်ကွင်း


၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

နေပြည်တော်မှာ ကျင်းပနေတဲ့ (၇၂)နှစ်ကြိမ်မြောက် တော်လှန်ရေးနေ့ (ခေါ်) တပ်မတော်နေ့ စစ်ရေးပြပွဲအခမ်းအနားကို ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းနဲ့ အတူ ဗွီအိုအေ ရန်ကုန်ရုံး အဖွဲ့သားတွေလည်း တက်ရောက် သတင်းယူနေပါတယ်။ ဒီကနေ့ နံနက်ပိုင်းမှာ ကျင်းပတဲ့ စစ်ရေးပြပွဲ အခမ်းအနား မတိုင်ခင်မှာ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ အခမ်းအနားမြင်ကွင်းနဲ့ ပတ်သက်လို့ ကိုကျော်ကျော်သိန်းက အခုလို စပြောပါတယ်။

ဖြေ။ ။ ကျနော်တို့ သတင်းသမားတွေ အားလုံး (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားကျင်းပမယ့် ကွင်းဆီကို လုံခြုံရေး အဆင့်ဆင့် စစ်ဆေး ခံယူပြီးတော့ ကျနော်တို့ ဖြတ်သွားနေပါတယ်။ လမ်းလျှောက် သွားနေပါတယ်။ သတင်းသမားတွေကတော့ စစ်ရေးပြပွဲ အခမ်းအနားကို ပထမဦးဆုံး ရောက်လာတဲ့ အုပ်စုလို့ ပြောရမှာပါ။ ကျနော်တို့နဲ့ အတူအတူ စစ်ရေးပြပွဲ အခမ်းအနားကိုတက်မယ့် တချို့ လူပုဂ္ဂိုလ်တွေ ဝင်လာတာလည်း တပြိုင်နက်တည်း တွေ့ရပါတယ်။ စစ်ရေးပြပွဲမှာတော့ မီးရောင်စုံ ထွန်းညှိထားပြီးတော့၊ ဒီမှာတော့ မနက်စောစောပဲ ရှိသေးတယ်ဆိုတော့ စစ်ရေးပြပွဲ ကတော့ မိုးလင်းမှပဲ စမယ့်ပုံ ရှိပါတယ်။

၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း
၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း

မေး။ ။ ဒီနှစ် စစ်ရေးပြပွဲက အရင်နှစ်တွေက စစ်ရေးပြပွဲနဲ့ ဘာတွေများ ထူးထူးခြားခြား ရှိမလဲရှင့်။

ဖြေ။ ။ ခါတိုင်းတွေလိုပါပဲ ဒီနှစ်မှာလဲပဲ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေရဲ့ စစ်ရေးပြ မြင်ကွင်းတွေကို မြင်ရပါမယ်။ တိုက်လေယာဉ် စွမ်းရည်ပြသတာတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကွန်မန်ဒိုတွေ စစ်ရေး ပြသတာတွေ၊ မြေပြင်ပေါ်မှာ ဆိုရင်လည်း သံချပ်ကာ ကားတွေနဲ့ စစ်ရေးပြတာတွေ စတဲ့ မြင်ကွင်းတွေကို ပုံမှန်အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားကတော့ မြင်းတပ်ဖွဲ့နဲ့ စစ်ရေးပြ ပုံစံပါဝင်မယ်လို့ ကျနော် သိထားပါတယ်။ ဝတ်စုံတွေ ဝတ်ထားတဲ့ တပ်ဖွဲ့ဝင်တွေက မြင်းစီးပြီး မြင်းတပ်ဖွဲ့ စစ်ရေးပြ ပုံစံပါလိမ့်မယ်လို့ ကျနော်သိထားပါတယ်။

မေး။ ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောမှာဆိုတော့ မိန့်ခွန်းထဲမှာ ဘယ်လို အကြောင်းအရာတွေများ ပါမလဲလို့ ကိုကျော်ကျော်သိန်း ခန့်မှန်း ထားသလဲရှင့်။

၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း
၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း

ဖြေ။ ။ ကျနော် ခန့်မှန်းမိသလောက် ဒီနေ့ တော်လှန်ရေးနေ့ အခမ်းအနား၊ တပ်မတော်နေ့ အခမ်းအနား ကျင်းပချိန်မှာ ကျနော်တို့ လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် လောက်ကိုင်ဘက်မှာ စစ်မီး မငြိမ်းသေးဘူး၊ လက်ရှိ မြောက်ပိုင်း မဟာမိတ်နဲ့ ဟိုနေရာ ဒီနေရာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေများ အရိပ်အမြွက် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ထည့်ပြောမလား။ ဒါကို သတိထားစောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ နောက်တချက်ကတော့ NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးဖို့အတွက် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့အတွက် လုပ်နေတာတွေ ရှိပါတယ်။ ဆိုတော့ ဒီငြိမ်းချမ်းရေး ညီလာခံနဲ့ အပစ်အခတ်ရပ်စဲရေးပေါ်မှာ တပ်မတော်ရဲ့ ရပ်တည်ချက်၊ သဘောထား တစွန်းတစ ကိုများ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ထည့်ပြောသွားမလား၊ တခါ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံပြန်လည် တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး စတဲ့ အုပ်ချုပ်ရေး ပိုင်းပေါ့လေ။ အဲဒီ ကဏ္ဍအသီးသီးမှာရော တပ်မတော်ရဲ့ ရပ်တည်ချက် ဘယ်လိုများ ပြောင်းလာမလဲ စတဲ့ တပ်မတော်ကြီး တခုလုံးရဲ့ သဘောထားတွေကို ထင်ဟပ်တဲ့ အကြောင်းအရာတွေများ ပါလာမလားဆိုတာ ကျနော်တို့ စောင့်ကြည့် နားထောင်ရ လိမ့်မယ်လို့ သုံးသပ် မိပါတယ်ခင်ဗျ။

တော်လှန်ရေးနေ့ နေပြည်တော်မြင်ကွင်း
please wait

No media source currently available

0:00 0:03:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG