သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ အဆင့်မြင့်ဆွေးနွေး


لیلی کینگ دختر ۲۲ ساله آمریکایی (وسط) قهرمانی خود را در مسابقات شنای قهرمانی جهان در کره جنوبی جشن می‌گیرد. در رشته پنجاه متر کرال سینه، بعد از این ورزشکار آمریکایی، ورزشکاران ایتالیا (چپ) و روسیه دوم و سوم شدند.
لیلی کینگ دختر ۲۲ ساله آمریکایی (وسط) قهرمانی خود را در مسابقات شنای قهرمانی جهان در کره جنوبی جشن می‌گیرد. در رشته پنجاه متر کرال سینه، بعد از این ورزشکار آمریکایی، ورزشکاران ایتالیا (چپ) و روسیه دوم و سوم شدند.

မြန်မာ တရုတ် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေက ဦးဆောင်ပြီး ၂ နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲကို ပထမဆုံး အကြိမ် အဖြစ် သောကြာနေ့ က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေး ဌာနက ဒုဝန်ကြီးဦးကျော်တင်နဲ့ အတူ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို တရုတ်နိုင်ငံခြားရေးဌာန ဒုဝန်ကြီး လျှိုကျန်မင်း Lui Zhenmin နဲ့ တရုတ်ဗဟို စစ်ကော်မရှင် ကွန်မြူနစ်ပါတီ ဒုတိယ ညှိနှိုင်း ကွပ်ကဲရေးမှုး ဗိုလ်ချုပ်ကြီး Xu Fenlin တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာ တရုတ် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်မှု ရှိရေးနဲ့ စီမံခန့်ခွဲရေးကိစ္စရပ်တွေ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်အစိုးရက ဆက်ပြီး အကူညီပေးဖို့နဲ့ မြန်မာဘက်က အပြုသဘော ဆောင်ရွက်ပေးစေလိုတဲ့ ကိစ္စရပ်တွေ၊ ၂ နိုင်ငံ နယ်စပ်ဒေသက တရားမဝင် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပါတ်သက်ပြီး နယ်စပ်တည်ငြိမ်ရေးဟာ အရေးပါတဲ့အတွက် စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီး တင်းမာမှု ပြေငြိမ်းဖို့လည်း တရုတ်ဘက်က တိုက်တွန်းခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် အပြူသဘောဆောင်တဲ့ အကူညီပေးမှုတွေနဲ့ ပါတ်သက်ပြီး ၂ ဘက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကလည်း နေ့လည်ပိုင်းမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံပြီး ရှမ်းပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွါးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ခံ သမိုင်းကြောင်းကို ရှင်းပြခဲ့သလို တရုတ်ကိုယ်စားလှယ် အဖွဲ့ကလည်း တရုတ်အစိုးရ ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှု ကို လေးစားကြောင်း နဲ့ ပြန်တွင်းတည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်-မြန်မာ အဆင့်မြင့်ဆွေးနွေး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG