သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ကာကွယ်ရေးအသုံးစားရိတ် ၇% တိုး


တရုတ်ရေတပ်သင်္ဘော (Dec. 7, 2016)
တရုတ်ရေတပ်သင်္ဘော (Dec. 7, 2016)

တရုတ်နိုင်ငံက ဒီနှစ်အတွက် ကာကွယ်ရေး အသုံးစားရိတ်ကို ၇ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ ဖို့ ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံက ကာကွယ်ရေး အသုံးစားရိတ်ကို ၁၀ ရာခိုင် နှုန်းအောက် တိုးမြှင့်တာဟာ ဒီတကြိမ်နဲ့ဆိုရင် ၂ နှစ် ရှိသွားပါပြီ။ ၂၀၁၇ ခုနှစ် အတွက် ကာကွယ်ရေး အသုံးစားရိတ် ပမာဏအတိအကျကိုတော့ နှစ်ပတ်လည် လွှတ်တော် ညီလာခံ ကျင်းပမယ့် တနင်္ဂနွေနေ့မှာ တရားဝင် ကြေညာမှာပါ။

တောင်တရုတ် ပင်လယ်ပြင်မှာ စစ်ဖက်ဆိုင်ရာ ထောက်ပို့လုပ်ငန်းတွေ လုပ်နိုင်တဲ့ လူလုပ် ကျွန်းတွေ ဖန်တီးနေတဲ့ တရုတ်နိုင်ငံက စစ်အင်အား တိုးချဲ့နေတဲ့ အပေါ်မှာတော့ အိမ်နီးချင်း နိုင်ငံတွေက သံသယတွေလည်း ကြီးထွားလာနေပါတယ်။ လွှတ်တော်ပြော ခွင့်ရပုဂ္ဂိုလ် Fu Ying ကတော့ အိမ်နီးချင်း နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေဟာ အခြေအမြစ် မရှိ ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း ကမ္ဘာတဝှမ်းမှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် အသက်အိုးအိမ်တွေ အမြောက်အများ ဆုံးရှုံးရသလို ဒုက္ခသည်တွေ အများအပြား ထွက်ပြေးကြရတာတွေ ရှိခဲ့ပေမဲ့ ဒီအထဲမှာ တရုတ်နိုင်ငံေြ ကာင့် ဖြစ်ရတာ တခုမှ မရှိတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

စတုရန်းကီလိုမီတာ ၃ သန်းခွဲလောက်ရှိတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်းက ငါးဖမ်း ကွက်တွေနဲ့ ရေအောက်လောင်စာ သိုက်တွေ ရှိကောင်းရှိနေနိုင်တဲ့ နယ်မြေတွေကိုတော့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေကလည်း ပိုင်ဆိုင်ကြော င်းပြော ဆိုထားကြပါတယ်။ ကမ္ဘာမှာ စစ်အင်အား အကြီးမားဆုံးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ကာကွယ်ရေး အသုံးစားရိတ်ကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲဖို့ သမ္မတ Donald Trump က ကြေညာခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ကာကွယ်ရေး အသုံးစားရိတ် တိုးမြှင့်မယ့်သတင်း ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG