သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်အရေး တရုတ်နဲ့ ဖိလစ်ပိုင် ဆွေးနွေးဖွယ်ရှိ


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံကပြောထားတဲ့အပေါ် ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိဘူး ဆိုပြီး အနုညာတခုံရုံးက အင်္ဂါနေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက် တရုတ်နဲ့ ဖိလစ်ပိုင်တို့ တွေ့ဆုံ ဆွေးနွေးဖို့ စပြောလာကြပါပြီ။

ဒီလို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်မယ့် အလားအလာ လျော့သွားနိုင်တာကြောင့် နိုင်ငံရေးအရ အများလက်ခံနိုင်တာကြောင့်ပါ။

ဒီဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်အစိုးရက ကြိုဆိုခဲ့ပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ လက်မခံကြောင်း ချက်ချင်း ပြောဆိုခဲ့တာပါ။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပမာမခန့် တုံ့ပြန်ခဲ့ပေမဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိ ကြောင်းကိုလည်း အင်္ဂါနေ့တုန်းက အရိပ်အမြွက်ပြောခဲ့ပါတယ်။ “ရယ်မောစရာဇာတ်လမ်းကြီးကတော့ အဆုံးသတ်သွားပါပြီ။ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ပြီးတော့ လျှောက်လှမ်း ရမယ့်အချိန်ပါ။ ဖိလစ်ပိုင်အစိုးရသစ် အနေနဲ့ တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ တွေ့ဆုံ စေ့စပ်ညှိနှိုင်းလို့တဲ့ ဆန္ဒရှိတယ်ဆိုတာကို မကြာခင်တုန်းကပဲ ပြသခဲ့တာကို တရုတ်အစိုးရကလည်း သိထားပါတယ်” လို့ ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အင်္ဂါနေ့မှာ ပြောဆိုခဲ့တာပါ။

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မပါဝင်ဘဲ နှစ်နိုင်ငံချင်း တွေ့ဆုံ ဆွေးနွေးလိုတယ်ဆိုတာကို တရုတ်အစိုးရက ဟိုးအရင်ကတည်းက ပြောလာခဲ့တာပါ။ ပြီးခဲ့တဲ့လ ၃၀ ရက်နေ့က သမ္မတ တာဝန် စတင်ယူခဲ့တဲ့ ဖိလစ်ပိုင်သမ္မတသစ် Rodrigo Duterte ကလည်း တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းတာတွေ လုပ်သွားလိုတယ် ဆိုတာကို သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ချိန်ကတည်းက ပြောလာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG