သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမြောက်ပိုင်းအရေးညှိနှိုင်းအဖြေရှာဖို့ တရုတ်သံအမတ်တိုက်တွန်း


ုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံ(ဓါတ်ပုံ-တရုတ်သံရုံး)
ုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံ(ဓါတ်ပုံ-တရုတ်သံရုံး)

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် သက်ဆိုင်ရာဘက်အသီးသီးကနေ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးအဖြေရှာကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းခဲ့ပါတယ်။

ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းပြီး ဒီ မြန်မာနိုင်ငံ မြောက်ပိုင်းအရေးကိစ္စဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ ဖြစ်တာကြောင့် စစ်ပွဲတွေနဲ့ ပြဿနာ ဖြေရှင်းလို့မရဘူးလို့ တရုတ်သံအမတ်ကြီးက ပြောခဲ့တဲ့အကြောင်း ရန်ကုန်တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက် တွန်းအားပေးပြီးတော့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်မယ်လို့လည်း တရုတ်သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေဟာ မြန်မာ-တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အရေးကြီးပြီးတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးနည်းလမ်းတွေနဲ့ သက်ဆိုင်ရာ ပြဿနာရပ်တွေကို ဖြေရှင်းဖို့ အလေးထားတဲ့အကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြန်လည် တုံ့ပြန်ဆွေးနွေးခဲ့တဲ့အကြောင်းလည်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ဒုက္ခသည် သောင်းဂဏန်းရှိပြီး တရုတ်နိုင်ငံထဲကို ရောက်သွားတဲ့ ဒုက္ခသည် သုံးထောင်လောက် ရှိနေပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ လွှတ်တော်မှာ သိပ်မကြာခင်က အဆိုပြုခဲ့တာလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG