သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှု G7 နဲ့ Donald Trump ဆွေးနွေး


G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ အီတလီနိုင်ငံ Sicily ကျွန်းမှာ သောကြာနေ့ ကျင်းပခဲ့တဲ့ ညီလာခံ တက်ရောက် လာတဲ့ခေါင်းဆောင်များ။
G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ အီတလီနိုင်ငံ Sicily ကျွန်းမှာ သောကြာနေ့ ကျင်းပခဲ့တဲ့ ညီလာခံ တက်ရောက် လာတဲ့ခေါင်းဆောင်များ။

G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ အီတလီနိုင်ငံ Sicily ကျွန်းမှာ သောကြာနေ့ ကျင်းပခဲ့တဲ့ ညီလာခံမှာ အဓိက အခြေအတင် ပြောကြတဲ့ ကိစ္စရပ် ကတော့ ဥတုရာသီ ပြောင်းလဲမှုဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် နဲ့ ဗြိတိန် ၂ နိုင်ငံစလုံးက အစိုးရ အရာရှိတွေကတော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး သဘောမတူစရာ ကြီးကြီးမားမား မရှိပါဘူးလို့ လူသိရှင်ကြား ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ခေါင်းဆောင်တွေကြား ဥတုရာသီဆိုင်ရာ ပြဿနာအတွက် ကောင်းကောင်းဆွေးနွေးခဲ့ တယ်လို့ ဗြိတိန် ဝန်ကြီးချုပ် Theresa May က သတင်းထောက်တွေကို ပြောပါတယ်။ ဒီကိစ္စဟာ သိပ်ကို အရေးကြီးကြောင်း အမေရိကန် သမ္မတ Donald Trump ပါအဝင် ဆွေးနွေးသူ အားလုံးက သံသယမရှိကြဘူးလို့လည်း ဖြည့်စွက် ပြောခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အမေရိကန်က လက်မှတ်ရေးထိုးခဲ့တဲ့ ပါရီ သဘောတူညီချက် အတိုင်း ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ဆက်ပြီး လုပ်ဖို့ သင့်မသင့် အခု အစည်းဝေးမှာ ခေါင်းဆောင်တွေရဲ့ ပြောကြားချက်ပေါ်မူတည်ပြီး သမ္မတ Trump က ဆုံးဖြတ်မှာ ဖြစ်ကြောင်း သမ္မတရဲ့ စီးပွါးရေးအကြံပေး အဖွဲ့ခေါင်းဆောင် Gary Cohn ကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကမ္ဘာကြီး ပူနွေးလာမှုဟာ လူသားတွေကြောင့် ဆိုတာကို သမ္မတက လက်မခံခဲ့တဲ့ သမ္မတ Trump က အခုဆွေးနွေးပွဲ မပြီးခင် ဆုံးဖြတ်ချက် တစုံတရာ ချမှာ မဟုတ်ဘူးလို့သမ္မတ Trump အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။

G-7 စက်မှု ထိပ်သီး ၇ နိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ ခြိမ်းခြောက်မှုကို လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်ကာလ ကတည်းက အသိမှတ်ပြု လက်ခံခဲ့တာ ဖြစ်ပါတယ်။ဒီ ပါရီသဘောတူညီချက်ကို လုံးဝ အကောင်ထည် ဖေါ်ဖို့ လိုအပ်တယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌJean-Claude Juncker က ပြောခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်Shinzo Abe ဘေးမှာ ထိုင်နေတဲ့ သမ္မတ Trump ကတော့ သောကြာနေ့ အစည်းဝေး မစတင်ခင်လေးမှာပဲ မြောက်ကိုရီးယား ပြဿာနာကို အဓိက ဦးစားပေး ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG