သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton အီးမေးလ်စုံစမ်းမှု ရွေးကောက်ပွဲမကျင်းပမီ အဖြေထွက်ဖို့ ဖိအားပေးမှုတိုး


အမေရိကန် ဒီမိုကရက်သမ္မတလောင်း Hillary Clinton
အမေရိကန် ဒီမိုကရက်သမ္မတလောင်း Hillary Clinton

အမေရိကန် ဒီမိုကရက်သမ္မတလောင်း Hillary Clinton ရဲ့ Email ကိစ္စ ပြန်လည်စုံစမ်းစစ်ဆေးမှုကို အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် FBI နဲ့အတူ ဆောင်ရွက်နေပါတယ်လို့ တရားရေးဌာနက ပြောကြားလိုက်ပါတယ်။

သမ္မတရွေးကောက်ပွဲ နီးကပ်နေချိန်မှာ နောက်ထပ်စုံစမ်းမှုတွေ ပြန်လုပ်နေတယ်လို့ FBI ကသောကြာနေ့က ကြေညာခဲ့ချက်အပေါ် ဒေါသထွက်နေကြတဲ့ ဒီမိုကရက် ထိပ်တန်းလွှတ်တော်အမတ်တချို့ဆီကို တရားရေးဌာန အကြီးတန်းအရာရှိ Peter Kadzik က စုံစမ်းမှုကို အမြန်ဆုံးပြီးအောင်ကြိုးစားနေပါတယ်လို့ စာရေးအကြောင်းကြား အာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။

တရားရေးဌာနအနေနဲ့ FBI နဲ့ အနီးကပ်ဆောင်ရွက်နေသလို လိုအပ်တဲ့အရင်းအမြစ်တွေသုံးပြီး သင့်တော်တဲ့ ဆောင်ရွက်မှုအားလုံးကို အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်ဆိုတာ အခိုင်အမာပြောနိုင်ပါတယ်လို့ စာထဲမှာ ရေးသားထားပါတယ်။

အောက်လွှတ်တော်အမတ်ဟောင်း Anthony Weiner နဲ့ပါတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း သူ့ရဲ့ Computer ထဲမှာ Clinton ရဲ့ နောက်ထပ် Email တွေတွေ့ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ FBI ညွှန်ကြားရေးမှူး James Comey ကအောက်လွှတ်တော်ကို သောကြာနေ့က အကြောင်းကြားခဲ့တာပါ။

Anthony Weiner ရဲ့ ဇနီးဟောင်း Huma Abedin ဟာ Hillary Clinton ရဲ့ အနီးကပ်အကြံပေးဖြစ်ပါတယ်။ Mrs. Clinton နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူခဲ့စဉ်က ပုဂ္ဂိုလ်ရေးသုံး Email server ကနေ အလုပ်နဲ့သက်ဆိုင်တဲ့ Email တွေ ပေးပို့လက်ခံခဲ့တာကြောင့် ထိပ်တန်းလှို့ဝှက်ချက်တွေ ပေါက်ကြားသလားဆိုတဲ့ စုံစမ်းမှုနဲ့ သက်ဆိုင်နိုင်တဲ့ Email တွေဖြစ်မဖြစ်ဆိုတာကို စုံစမ်းနေတာလို့ Mr. Comey ကပြောကြားခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ တနိုင်ငံလုံးကောက်ခံတဲ့ လူထုသဘောထား စစ်တမ်းတွေအရ ဒီမိုကရက်သမ္မတလောင်း Hillary Clinton က Republican သမ္မတလောင်း Donald Trump ထက်ထောက်ခံမှု အနည်းငယ်သာ အသာရနေပါတယ်။ နိုင်ငံတဝန်းသဘောထား စစ်တမ်းတော်တော်များများရဲ့ တနင်္လာနေ့ ရလာဒ်တွေမှာ Clinton က Trump ထက် ၁% ကနေ ၃% သာ အသာရနေပါတယ်။ သမ္မတအနိုင်ရဖို့ အကြိတ်အနယ်ပြိုင်ဆိုင်ရမယ့် ပြည်နယ်တချို့မှာဆိုရင် သမ္မတလောင်း ၂ ယောက် သူမသာ ကိုယ်မသာ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG