သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသက်တမ်း ၃ ရက်အကြာ Trump တရားစွဲခံရ


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

သမ္မတအဖြစ် တာဝန်ယူပြီး ၃ ရက်အကြာမှာတင် အမေရိကန်သမ္မတ Donald Trump ဟာ သူ့အစိုးရအနေနဲ့ ပထမဆုံး တရားဥပဒေအရ အကဲစမ်းမှုကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

CREW လို့ အတိုကောက်ခေါ်တဲ့ ဝါရှင်တန်ရှိ တာဝန်သိတတ်သူတွေနဲ့ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းရေး မြို့ခံတွေ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်ရေး အဖွဲ့က သူ့ကို ရုံးတင် တရားစွဲဆိုလိုက်ပါတယ်။

သမ္မတသစ်ရဲ့ ကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကန်သတ်ချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ နယူးယောက်မြို့မှာ တနင်္လာနေ့က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

Trump ကတော့ အခုလို စွဲချက်တင်တာကို လက်မခံ ပယ်ချလိုက်ပြီး ဒီတရားစွဲဆိုမှုဟာ လုံး၀ အခြေအမြစ် မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အမေရိကန် သမ္မတအနေနဲ့ လွှတ်တော်ရဲ့ အတည်ပြုချက် မရရှိပဲ နိုင်ငံခြားက အာဏာရှိသူတွေနဲ့ အစိုးရတွေထံက ငွေကြေး၊ ဒါမှမဟုတ် တံစိုးလက်ဆောင်တွေ လက်ခံခွင့် မရှိပါဘူး။

သမ္မတသက်တမ်း ၃ ရက်အကြာ Trump တရားစွဲခံရ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG