သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ အမိန့်ကြေညာချက်အတော်များများ လက်မှတ်ထိုးဖို့ရှိနေ


အမေရိကန်သမ္မတ Donald Trump ဟာ အောက်လွှတ်တော်ဥက္ကဌ Paul Ryan နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိသလို သမ္မတအမိန့်ကြေ ညာချက်အများအပြားကိုလဲ လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ရှိပါတယ်။ ဒီကနေ့ဟာဖြင့် သူ့အစိုးရအဖွဲ့သစ်အနေနဲ့ သီတင်းတပတ် အပြည့် လုပ်ငန်းစတင်တဲ့နေ့ပါ။

သမ္မတရဲ့အမိန့်ကြေညာချက်တွေက ဘယ်ကိစ္စတွေအတွက်ဆိုတာကိုတော့ သမ္မတအိမ်ဖြူတော်က မပြောပါဘူး။

သမ္မတဟောင်း ဘရာ့ခ် အိုဘားမားထုတ်သွားတဲ့ အမိန့်ကြေညာချက်တွေကို ပြန်ရုပ်သိမ်းမယ်လို့ မဲဆွယ်စည်းရုံးပွဲအတွင်း Trump က ကတိပြု ပြောဆိုထားပါတယ်။ ရွေးကောက်ခံရပြီးတဲ့နောက်မှာတော့ ၁၂ နိုင်ငံပါ ပစိဖိတ်ရပ်ဝန်းနိုင်ငံများကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် TPP ကနေ အမေရိကန်နှုတ်ထွက်မယ်ဆိုတာ အကြောင်းကြားတာ၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံတွေနဲ့ လက်မှတ်ထိုးထားတဲ့ မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် NAFTA ကို ပြန်ပြီး စေ့စပ်ညှိနှိုင်းတာတွေအပါအဝင် သူ့အစိုးရအဖွဲ့ အစောပိုင်းရက်တွေအတွင်း လုပ်မယ့်ကိစ္စတွေကို သူက ချပြထားပါတယ်။

အဲဒီကိစ္စတွေ သိပ်မကြာခင် ဖြစ်လာတာကို မြင်ရပါမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြော ထားပါတယ်။

Trump ရဲ့အစီအစဉ်ထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ အမိန့်ညွှန်ကြားချက်တွေ လည်း ပါဝင်ပါတယ်။ သမ္မတဟောင်းအိုဘားမားရဲ့ အထိမ်းအမှတ်ဥပဒေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဥပဒေကို ချက်ခြင်းဖျက်ပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ အမိန့်ကြေညာချက်တခုကို မစ္စတာ Trump လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG