သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးခေါင်းဆောင် Trump နဲ့ ဆက်သွယ်


အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်သစ် Donald Trumpနဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu
အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်သစ် Donald Trumpနဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ သူ့ အစိုးရအဖွဲ့ရဲ့ အပတ်စဉ်အစည်းအဝေး ကို Jerusalem မြို့မှာ တနင်္ဂနွေနေ့ က ဖွင့်လှစ်လိုက်ပြီး အစ္စရေးနိုင်ငံအတွက် အရေးပါတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်သစ် Donald Trump ကို ထိတွေ့ဆက်ဆံမှုပြုလုပ်ခဲ့ပါတယ်။

Netanyahu နဲ့ Tramp တို့ဟာ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ကြပြီး၊ ပြောဆိုရတာ အလွန်အဆင်ပြေချောမွေ့တဲ့အကြောင်း မစ္စတာ Trump ကပြောပါတယ်။ Tel Aviv မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို Jerusalem မြို့ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူကဘာမှ ပြောကြားခြင်းမရှိပါဘူး။

Mr. Trump က တွေ့ဆုံဆွေးနွေးဖို့အတွက် ရှေ့လကြရင် ဝါရှင်တန်ဒီစီကို လာရောက်ဖို့ သူ့ကို ဖိတ်ကြားလိုက်တဲ့အကြောင်း Mr. Netanyahu က နောက်ပိုင်းမှာ ထုတ်ဖေါ်ပြောဆိုပါတယ်။

ဒါဟာ ဆွေးနွေးစကားပြောဆိုခြင်းရဲ့ ကနဦး အစပိုင်း ဖြစ်တယ်လို့ တယ်လီဖုန်းနဲ့ ဆက်သွယ်မှုမပြုလုပ်ခင် အိမ်ဖြူတော်က ပြောပါတယ်။ ဒီလိုလုပ်တာဟာ သူ့အနေနဲ့ လိုလားမှုရှိတာကို ပြသတာဖြစ်တယ်လို့ Trump က ပြောပါတယ်။

သမ္မတကြီး Donald Trump အနေနဲ့ သူ့ရဲ့သမ္မတသက်တမ်း တာဝန်ကို စတင်ထမ်းဆောင်တဲ့အပေါ် Mr. Netanyahu က တနင်္ဂနွေနေ့ စောစောပိုင်းမှာ ချီးကျူး ပြောဆိုလိုက်သလို၊ အစ္စရေးနိုင်ငံအပေါ် လေးနက်တဲ့ မိတ်ဆွေနိုင်ငံအဖြစ် ထားရှိတဲ့ သူ့ရဲ့သဘောထားကို အလွန်တန်ဖိုးထားပါကြောင်းလည်း ပြောဆိုပါတယ်။

အစ္စရေးခေါင်းဆောင် Trump နဲ့ ဆက်သွယ်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG