သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကန်-အာဆီယံ စီးပွားရေးကောင်စီအဖွ့ဲ တွေ့ဆုံ


အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်
အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့မနက်ပိုင်း ၁၀း၀၀နာရီ အချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ပါတယ် ။အဲဒီလိုတွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုများပြုလုပ်မည့် အခြေအနေတွေကို အမြင်ဖလှယ် ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်ခဲ့တဲ့အပြင် အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်နေတဲ့ မူဝါဒတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်တွေအပေါ် မူဘောင်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မစ္စတာအလက်ဇန္ဒားဖဲလ်မင်းက ဦးဆောင်ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများဖြစ်သည့် American International Group( AIG) ၊ CITI Group၊ Coca-Cola၊ Exxon Mobile ၊ General Electronic (GE)၊ Jhpiego၊ Elanco နှင့် Master Card တို့က အကြီးအကဲတွေ တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel လည်းဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG