သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံဘုရားတွေပေါ် တက်ဖူးခွင့် ပိတ်ပင်ဖို့ ဒေါ်စု အကြံပြု


British inventor Richard Browning uses a jet pack to display his technology at the Ritz Carlton Hotel where the Future Investment Initiative forum is being held in Riyadh, Saudi Arabia.
British inventor Richard Browning uses a jet pack to display his technology at the Ritz Carlton Hotel where the Future Investment Initiative forum is being held in Riyadh, Saudi Arabia.

ရှေးဟောင်း ပုဂံဘုရားစေတီတွေ ရေရှည် တည်တံ့ရေးအတွက် ဘုရားပေါ်ကို တက်ရောက်တာတွေ ရေရှည် ခွင့်ပြုဖို့ မသင့်တော့ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရှေးဟောင်း ပုဂံဘုရား စေတီပုထိုးတွေ ရေရှည်တည်တံ့ရေးအတွက် ခရီးသွား ဧည့်သည်တွေကို ဘုရားပေါ် တက်တာတွေ ကန့်သတ်တာ အပါအဝင် ဆောင်ရန် ရှောင်ရန်တွေကိုလည်း မူကြမ်း ပြုစုနေပြီ ဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်ကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်မလားဆိုတာကို မသိင်္ဂီထိုက် က စုစည်း တင်ပြထားပါတယ်။

ပုဂံဒေသ ငလျင်ဒဏ်သင့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်္ဂါနေ့မှာ ပုဂံကို ရောက်ပါတယ်။ ရှေးဟောင်းဘုရား စေတီပုထိုးတွေ အပါအဝင် ပုဂံဒေသ ရေရှည် တည်တံ့ရေးအတွက် ဘုရားတွေပေါ်ကို လူတွေ တက်ရောက်ခွင့် ရေရှည် ခွင့်မပြုသင့်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“စေတီပုထိုးပေါ်တွေမှာ တက်တက်ပြီးတော့ အများပြည်သူ ခရီးသွားတွေက သိပ်ပြီးတော့ တက်ကြတာမျိုးဟာ ကျမတို့ရဲ့ စေတီပုထိုးတွေကို ပျက်စီးစေတယ်။ ရေရှည်မှာတော့ ဆက်ပြီးတော့ ခွင့်ပြုလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ တခြားနေရာတွေကို ကန်ဘောင်တွေဘေးမှာ လုပ်ပေးမယ်ဆိုရင်တော့ ဒါဟာ သင့်တော်မယ်လို့ ကျမက ယူဆပါတယ်။”

ငလျင်ဒဏ်သင့်ပြီးနောက်ပိုင်း ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ကဏ္ဍက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရန် ရှောင်ရန် အချက်တွေကို မူကြမ်း ရေးဆွဲနေပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးသက်လွင်တိုးက မူကြမ်းရေးဆွဲနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့လည်း မနေ့က ပုဂံမှာ Heritage Management အစည်းအဝေးတခု လုပ်ဖြစ်ပါတယ်။ UNESCO တို့၊ JICA တို့၊ ဒီဘက်က ဟိုတယ်ခရီးတို့၊ ရှေးဟောင်းသုတေသနဦးစီးဌာန၊ Bagan Heritage Trust က လူကြီးတွေနဲ့ပေါ့နော် ကျနော်တို့ကတော့ ခရီးသွားလုပ်ငန်းရှင်များအသင်း အနေနဲ့ တက်ရောက် ဆွေးနွေးပါတယ်။ အဲဒီမှာလည်း ကျနော်တို့ အဓိကဦးစားပေးလုပ်မယ့်အထဲမှာ tourism strategic plan ပေါ့ တကယ်လို့ ရေရှည် conservation လုပ်မယ်ဆိုရင်တော့ ဒါတွေကို ဘယ်လို ကန့်သတ်ရမယ်ဆိုရင် how ပေါ့နော် လုပ်ရမယ်ဆိုရင် လုပ်ငန်းစဉ်တွေကို ကျနော်တို့ ချမှတ်ထားပါတယ်။ အဲဒါတွေက ကျနော်တို့က ဒီအတောအတွင်းမှာ အပြီးသတ် မူကြမ်းရေးဆွဲပြီးရင်တော့ အဓိက ဦးစားပေးလုပ်မယ့် အစီအစဉ်ထဲမှာ ထည့်မယ်ပေါ့။”

ပုဂံဒေသကို အလည်အပတ် လာရောက်သူက နှစ်စဉ် ၂ သိန်းကျော် ရှိနေတာကြောင့် ပုဂံဘုရား စေတီပုထိုးတွေ ရေရှည်တည်တံ့ရေးအတွက် ဘုရားပေါ်ကို တက်ရောက်တာတွေက ကန့်သတ်ဖို့တော့ လိုအပ်တယ်လို့လည်း ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက ပြောပါတယ်။

“ဒါကလည်း ခုနပြောသလိုပေါ့ တချိန်တုန်းကလည်း သပ္ဗေညုဘုရားဆို ကျနော်တို့ တက်ကြည့်လို့ ရတာပဲလေ။ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်ကပေါ့။ ဒါပေမဲ့ နောက်ပိုင်း ကြံ့ခိုင်မှုနည်းသွားလို့ ဒါကို ပိတ်လိုက်ပြီဆိုတော့လည်း အခြား အစားထိုးတဲ့ ဘုရားတွေ ပေါ်လာတာပဲလေ။ ဒါပေမဲ့ အခုနောက်ပိုင်း တက်ရတဲ့ကိစ္စမှာလည်း အထူးသဖြင့်တော့ နိုင်ငံခြားသားတွေကတော့ တချို့စည်းကမ်းရှိတယ်ပေါ့။ တချို့သော local tourist တွေကျတော့လည်း အမှိုက်ပစ်တာတွေ ဘာတွေ ကန့်သတ်ထားရင်တော့လည်း ကောင်းပါတယ်။ ဒါပေမဲ့ အစားထိုးအနေနဲ့ ဘာလုပ်နိုင်မယ့် facilities တွေ ရှိနိုင်မလဲဆိုတာ တဘက်က စဉ်းစားဖို့ လိုတယ်။”

ပုဂံဒေသ နေဝင် နေထွက် ရှုခင်းက မြန်မာ့ပုဂံဒေသကို ခရီးသည်တွေ လာရောက်ဖို့ အဓိက ဆွဲဆောင်နိုင်တဲ့ အချက်ပါ။ တကယ်လို့ ဘုရားတွေပေါ်ကနေ ခရီးသည်တွေ ပုဂံရဲ့ နေဝင် နေထွက် ရှုခင်းတွေကို ကြည့်ခွင့် ကန့်သတ်မယ်ဆိုရင်တော့ ပုဂံရှုခင်းကို ကြည့်နိုင်မယ့် အစားထိုး အခင်းအကျင်းတွေ လုပ်ပေးဖို့တော့ လိုတယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG