သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အာဏာရှင်ဟောင်း မားကို့စ် ရုပ်အလောင်း သူရဲကောင်း စစ်သချိုင်းမှာ မြှုပ်နှံ


 မနီလာမြို့က သူရဲကောင်း စစ်သချိုင်းမှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် ကို စစ်အခမ်းအနားနဲ့ မြှုပ်နှံ။
မနီလာမြို့က သူရဲကောင်း စစ်သချိုင်းမှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် ကို စစ်အခမ်းအနားနဲ့ မြှုပ်နှံ။

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်မှာ People Power တော်လှန်ရေး လှုပ်ရှားမှုနဲ့ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် ရဲ့ရုပ်အလောင်း ကို သောကြာနေ့မှာပဲ စစ်ဂုဏ်ပြုတပ်ဖွဲ့နဲ့ မြုှပ်နှံလိုက်ပါတယ်။ ဝတ်စုံပြည့်နဲ့ စစ်သားတွေက အခမ်းအနား သုံး ရိုင်ဖယ်သေနတ်တွေနဲ့ သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး မနီလာမြို့က သူရဲကောင်း စစ်သချိုင်းမှာ အခမ်းအနားကို စတင်ခဲ့တာပါ။

မားကို့စ်ရဲ့ အာဏာရှင် အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေနဲ့ ဖွဲ့စည်းထားတဲ့ညွှန့်ပေါင်းအဖွဲ့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ တိုးလာပေမယ့်လည်း မားကို့စ်ကို စစ်သချိုၤင်းမှာ မြှုပ်နှံဖို့ ဖိလစ်ပိုင် နိုင်ငံတော်တရားရုံးချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမိန့်ချလိုက်တာပါ။

ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ အာဏာရှင်ဟောင်း မားကို့စ်ကို မြှုပ်နှံဖို့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က အတည်ပြုပေးခဲ့တာပါ။ ကန့်ကွက် ဆန္ဒပြမှုတွေ ရှောင်ရှားနိုင်ဖို့ မားကို့စ်ရဲ့အလောင်းကို မြို့တော် မနီလာဆီကို လေယာဉ်နဲ့ တိတ်တဆိတ် သယ်ဆောင်လာတာဖြစ်ပါတယ်။

စစ်သချိုင်း ပတ်ပတ်လည် ကိုထောင်နဲ့ချီတဲ့ အဓိကရုန်း ရဲနဲ့ စစ်သားတွေက စောင့်ကြပ် ထားပြီး ဆန္ဒပြသူ တွေတော့ မရှိခဲ့ပါဘူး။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့People Power တော်လှန်ရေး လှုပ်ရှားမှုအတွင်း မားကို့စ်ရဲ့ မိသားစုတွေ တိုင်းပြည်ကနေ တိမ်းရှောင်သွားခဲ့တာပါ။

ဒီလှုပ်ရှားမှုကြောင့် အာရှက အခြားတိုင်းပြည်တွေမှာလည်း ဒီမိုကရေစီ လှုပ်ရှားမှုအတွက် စိတ်ဓာတ်တွေနိုးကြားလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဟာဝိုင်ယီမှာ မားကို့စ် ကွယ်လွန်သွားပြီး ဖိလစ်ပိုင်မြောက်ပိုင်းက သူ့ဇာတီ Batac ကို ၁၉၉၃ မှာ သူ့အလောင်းပြန်ရောက်လာတာပါ။ အဲ့ဒီအချိန်ကစလို့ မားကို့စ်ရဲ့အလောင်းကို မှန်ခေါင်းထဲမှာထည့်သွင်းပြသထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG