သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အင်တာနက်ဖောက်ဝင်မှု ကန်လွှတ်တော်ကြားနာမည်


၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက ဝင်နှောက်ခဲ့တယ်လို့ သံသယရှိထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အထက် လွှတ်တော်မှာ ဒီကနေ့ ကြားနာပွဲ၂ ခု လုပ်ဖို့ ရှိသလို သမ္မတ ဘရာ့ခ် အိုဘားမားကိုလည်း အစီရင်ခံဖို့ရှိပါတယ်။

သူ သမ္မတဖြစ်လာခဲ့တဲ့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲကနေစပြီး ပြည်ပကနေ ဝင်နှောက်တာတွေ ရှိမရှိဆိုတာကို လေ့လာဆန်းစစ်ဖို့ သမ္မတအိုဘားမားက ထောက်လှမ်းရေးအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။ အဲဒီလေ့လာဆန်းစစ်ချက်တွေရဲ့ ရလဒ်ကို ဒီကနေ့ သမ္မတကို အစီရင်ခံမှာဖြစ်ပြီး ရွေးကောက်ခံသမ္မတ Donald Trump ကိုလည်း သောကြာနေ့မှာ အလားတူ အစီရင်ခံမယ်လို့ အမေရိကန်တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ အင်တာနက်ကနေ ခိုးဝင်ပြီးတော့ ရသွားတဲ့ အချက်အလက်တွေကို ရွေးကောက်ပွဲကို နှောက်ယှက် ဖို့အတွက် Wikileaks အဖွဲ့ကို ရည်ရွယ်ချက်နဲ့ ပေးပို့ခဲ့တဲ့လုပ်ရပ် နောက်ကွယ်မှာ ရုရှားအစိုးရပတ်သက်နေတယ်လို့ CIA နဲ့ FBI အဖွဲ့တွေက ကောက်ချက်ချထားတာပါ။

နိုင်ငံတော်လုံခြုံရေးဌာနညွှန်ကြားရေးမှူး James Clapper, နိုင်ငံတော်လုံခြုံရေးအေဂျင်စီ ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး Michael Rogers, ထောက်လှမ်းရေးဆိုင်ရာ လက်ထောက် ဒုတိယ ကာကွယ်ရေးဝန်ကြီး Marcel Lettre တို့က လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အထက်လွှတ်တော်ကော်မတီကို အစီရင်ခံကြမှာဖြစ်ပါတယ်။ ရုရှားကဝင်နှောက်တဲ့လုပ်ရပ်ဟာ စစ်ဖြစ်အောင် ရည်ရွယ်တဲ့လုပ်ရပ်ပဲလို့ ကော်မတီဥက္ကဌ John McCain က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG