သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Emmanuel Macron ကိုယ်ရေးအကျဉ်း


အလယ်အလတ်ဝါဒီEmmanuel Macron
အလယ်အလတ်ဝါဒီEmmanuel Macron

တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဒုက္ခသည်တွေ နိုင်ငံတွင်းဝင်ရောက်မှုကို ဆန့်ကျင်တဲ့ အမျိုးသားရေး ဝါဒီ Marine Le Pen ထက် လူကြိုက်ပိုများပြီး မဲအများစုရနေတဲ့ Emmanuel Macron ဟာ စီးပွားရေးကျွမ်းကျင်တဲ့ ဘဏ်လုပ်ငန်းရှင် တဦး ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ၂၅ ဆက်မြောက် သမ္မတဟာ အလယ်အလတ်ဝါဒီ တယောက် ဖြစ်ပြီး လွန်ခဲ့တဲ့ တနှစ်လောက်ကမှ En Marche! လို့ခေါ်တဲ့ လက်ဝဲ လက်ယာ ယိမ်းလေ့ရှိတဲ့ သမရိုးကျ ပြင်သစ် နိုင်ငံရေးကို ပြောင်းပစ်ဖို့ လှုံ့ဆော်တဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုကနေ လူသိများလာသူ တယောက် ဖြစ်ပါတယ်။

လက်ရှိသမ္မတ François Hollandeက ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွက် ဝင်ပြီး အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်မှာ သူဟာ သမ္မတလောင်းအဖြစ် ဝင် အရွေးခံဖို့ ဆိုရှယ်လစ်အစိုးရ အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

Macron ရဲ့ အောင်နိုင်မှုဟာ သူ့ရဲ့ ပြိုင်ဘက် Le Pen ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ မွတ်စလင် ရွှေ့ပြောင်းသူတွေ လက်မခံရေး အတွက်ရော ဥရောပတိုက်တလွှား စည်းလုံးညီညွတ်မှုအတွက်ပါ အောင်နိုင်တာလည်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ Le Pen ဟာ အဖွဲ့ဝင် ၂၈ နိုင်ငံရှိတဲ့ အီးယူ ဥရောပ သမဂ္ဂကနေ ခွဲထွက်ဖို့ ဆန္ဒရှိသူ ဖြစ်ပါတယ်။

ရှေ့မှာ ခက်ခဲတဲ့ အလုပ်တွေကို ဖြေရှင်းရမှာ ဖြစ်ပေမယ့် အမြဲတမ်း လူထုကို အမှန်တင်ပြမှာ ဖြစ်ပြီး ခြိမ်းခြောက်မှု ရန်တွေကနေ ကာကွယ်ပေးပါ့မယ်လို့ ပါရီက Louvre ပြတိုက်ရှေ့မှာ သူ့ကို ထောက်ခံသူတွေကို Macron က အောင်ပွဲ မိန့်ခွန်းပြောကြားခဲ့တာပါ။

နှစ်လိုဖွယ်ကောင်းတဲ့ Macron ဟာ ယုံကြည်မှု အပြည့်နဲ့ စကားပြောကောင်းသူတဦး ဖြစ်ပြီး သူ့ထက် အသက် ၂၀ လောက်ပိုကြီးတဲ့ အထက်တန်း ကျောင်း ဆရာမကို လက်ထပ်ထားသူ ဖြစ်ပါတယ်။

သူဟာ အသက် ၃၉ နှစ်ပဲ ရှိသေးတာမို့ ပြင်သစ်သမိုင်းမှာ ၁၈၄၈ တုန်းက အသက် ၄၀ မှာ သမ္မတဖြစ်ခဲ့တဲ့ Napoleon ရဲ့တူဖြစ်သူ Louis Napoleon Bonaparte ထက်ငယ်တဲ့ သမ္မတ ဖြစ်လာမှာပါ။

Emmanuel Macron ကိုယ်ရေးအကျဉ်း
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

Emmanuel Macron အကြောင်း ကောက်နှုတ်ချက်
please wait

No media source currently available

0:00 0:04:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG