သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဆွေးနွေးပွဲ ချင်းမိုင်မှာကျင်းပ


ချင်းမိုင်မှာပြုလုပ်တဲ့ UNFC အရေးပေါ်အစည်းအဝေးပွဲ တခု ( ၂၀၁၆ ဖေဖေါ်ဝါရီ )
ချင်းမိုင်မှာပြုလုပ်တဲ့ UNFC အရေးပေါ်အစည်းအဝေးပွဲ တခု ( ၂၀၁၆ ဖေဖေါ်ဝါရီ )

UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက ဦးစီးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၂၇ ကနေ ၂၉ ရက်နေ့ထိ အစည်း အဝေးတရပ် ကျင်းပနေ ပါတယ်။ ဒီလိုကျင်းပရတာဟာ လက်ရှိနိုင်ငံရေးအခြေ အနေတွေပေါ် ပြန်လည်သုံး သပ်ဖို့နဲ့ တိုင်းရင်းသားတွေကြား ပိုပြီး စည်းလုံးညီညွတ်မှု ရှိအောင်ဆွေးနွေးလိုတဲ့ အတွက် NCA အပစ်ရပ်ထားတဲ့အဖွဲ့တွေ ၊ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေနဲ့ ပြည် တွင်း တိုင်းရင်းသားပါတီတချို့ပါ လာရောက်ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။ UNFC ဗဟိုကော်မတီဝင် နိုင်ရွှေသိန်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေး မြန်းတဲ့အခါ သူက ခုလိုစပြောပါတယ်။

နိုင်ရွှေသိန်း UNFC ။ ။ NCA ကိုလက်မှတ်ထိုးပြီးသား အဖွဲ့အစည်းက လူတွေလည်း တက်ပါတယ်။ ဒါပေမယ့် သူတို့က တယောက်စ နှစ်ယောက်စပဲ တက်တာပါ။ NCA လက်မှတ်မထိုးရသေးတဲ့ သူတွေကတော့ အားလုံး အင်တိုက်အားတိုက်နဲ့ အဖွဲ့စုံ တက်လာပါတယ်။ နိုင်ငံရေးပါတီတွေ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ လည်း တက်ပါတယ်။

ဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ မကြာခင် ဒီဇန်နဝါရီလထဲမှာ ပြုလုပ်မယ်ဆိုတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ ပါဝင်လိုတဲ့အာသီသရော ရှိပါသလား။

ဖြေ။ ။ တချို့ကတော့ သူတို့တက်ရမလား မတက်ရဘူးလားဆိုတာ ဒါကို ဆုံးဖြတ်ကြတာပဲ။

မေး။ ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးလိုတဲ့ လုပ်လိုတဲ့ အာသီသရော ရှိနေသလား၊ ဘယ်လိုအခြေအနေလဲ။

ဖြေ။ ။ ဒါတွေတော့ ရှိပါတယ်။ ကျနော်တို့လည်း တောင်းတယ်။ ဒါပေမယ် သူတို့က အစိုးရကတော့ မပေးဘူးဗျာ။ လုပ်ချင်ရင်တော့ NCA ကို လက်မှတ်ထိုး ဆိုပြီးတော့ အဲလိုပဲဖြစ်နေတော့ ကျနော်တို့လဲ ခက်နေတယ်။

မေး။ ။ အဲဒီတော့ မြန်မာအစိုးရကဖြစ်ဖြစ် အစိုးရတပ်တွေကဖြစ်ဖြစ်ပေါ့ တိုင်းရင်းသား လက်နက်ကိုင်တွေပေါ်မှာ ဆက်ဆံနေပုံတွေက ကွဲပြားခြားနားမှု ရှိနေတယ်လို့ ဝေဖန်သံတွေလည်း ထွက်နေပါတယ်။ ဒီအချက်ပေါ်မှာ ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒါလည်းဟုတ်ပါတယ်။ သူတို့ဝေဖန်တာလည်း မှန်ပါတယ်။ ဘာပဲလုပ်လုပ် ဘာပဲပြောပြော ကျနော်တို့က NCA ကို လက်မှတ်မထိုးရ သေးဘူး ဆိုပြီးတော့ မလုပ်ရတဲ့ မတက်ရတဲ့ ပုံစံတွေဖြစ်နေတယ်။

မေး။ ။ အဲဒီတော့ အခုလာမယ့် ဖေဖေါ်ဝါရီလထဲမှာ နောက်တကြိမ် ကျင်းပမယ် ဆိုတဲ့ ၂၁ ရာစုပင်လုံညီလာခံ ရှိတယ်ဆိုတော့ အဲဒီ ညီလာခံကိုရော ဆရာတို့ NCA ကို လက်မှတ်မထိုး ရသေးတဲ့သူတွေ တက်ရောက်ခွင့် ရဦးမလား။

ဖြေ။ ။ မရပါဘူးခင်ဗျာ။ ဒါ ရှင်းရှင်းလေးပဲ။

မေး။ ။ လာမယ့်ကာလတွေမှာ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာက ဘယ်လိုမျိုး ဖြစ်သွားနိုင်သလဲခင်ဗျ၊ ဘယ်လို မျှော်လင့်လို့ ရနိုင်မလဲ။

ဖြေ။ ။ ဒါ ကျနော့်အမြင် တခုထဲ ပြောရမယ်ဆိုလို့ရှိရင်တော့ တော်တော်လေး ကြပ်ဦးမယ်လို့ မြင်တယ်ဗျာ။ ရှင်းရှင်းပြောလို့ရှိရင် မရနိုင်သေးဘူးလို့ ကျနော်မြင် တယ်။ ဒါ ကျနော့်အမြင်ပါ။

မေး။ ။ အဲဒီတော့ ဘယ်လို အခြေအနေတွေ ပေါ်လာရင် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမှာလဲ ဆရာ။

ဖြေ။ ။ အားလုံးပါဝင်တဲ့ တက်နိုင်မယ့် အစည်းဝေးဆိုလို့ရှိရင်တော့ ဒါ ဖြစ်နိုင်မှာပေါ့။ အခုဟာက တက်နိုင်တဲ့လူကတက်တယ် မတက်နိုင်တဲ့သူက မတက်ဘူးဆိုတဲ့ ပုံစံကတော့ ဒါကတော့ တမျိုးတော့ ဖြစ်နေတာပေါ့။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG