သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂ နှစ်ခြောက်ဆယ်ပြည့် ဒေါ်စု ဂုဏ်ပြု


ဥရောပသမဂ္ဂ နှစ်ခြောက်ဆယ်ပြည့် ဗီဒီယိုကတဆင့် ဒေါ်စု ဂုဏ်ပြု စကားပြောကြာ။ (မတ် ၂၅၊ ၂၀၁၇)
ဥရောပသမဂ္ဂ နှစ်ခြောက်ဆယ်ပြည့် ဗီဒီယိုကတဆင့် ဒေါ်စု ဂုဏ်ပြု စကားပြောကြာ။ (မတ် ၂၅၊ ၂၀၁၇)

EU ဥရောပသမဂ္ဂ တည်ထောင်တဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် အီတလီနိုင်ငံရောမမြို့မှာ စည်လုံးညီညွတ်မှု ကြေညာစာတမ်းကို မတ်လ ၂၅ ရက်နေ့ ဒီကနေ့မှာ EU ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးသွားကြပါတယ်။ ရှေ့တိုးဆောင်ရွတ်တဲ့ လုပ်ငန်းစဉ်ကသာ စီးပွားရေးကောင်းအောင်နဲ့ လုံခြုံရေးအကျိုးအမြတ်တွေ ဖြစ်ပေါ်ပြီး လူအများရဲ့ ထောက်ခံမှုကို ပြန်ရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ ခေါင်းဆောင်တွေက ပြောပါတယ်။

နိုင်ငံသားတွေရဲ့ အခွင့်အရေး အပါအဝင် နောင် ၁၀ နှစ်မှာ အကောင်အထည်ဖော်ရမယ့် အစီအစဉ်တွေကို ထည့်သွင်းရေးဆွဲထားတဲ့ ဒီကြေညာချက်ကို EU အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဥရောပသမဂ္ဂ အကြီးအကဲတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အခုလို ဥရောပ သမဂ္ဂ ထူထောင်မှု နှစ် ၆၀ ပြည့် မြောက်ပြီး အခုအချိန်အထိ ဒီနိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီး အောင်အောင်မြင်မြင် ရပ်တည်နိုင်တာကို အထူးဝမ်းမြောက်ပါကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ် နိုင်ငံခြားရေးဝန်ကြီး လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က Video ကနေ ချီးကျူးဂုဏ်ပြုစကား ပြောကြားသွားပါတယ်။

"ဥရောပသမဂ္ဂဟာ စိန်ခေါ်မှုတွေအများကြီးရှိတဲ့ကြားကဘဲ အောင်မြင်လာတဲ့ဖြစ်ရပ်အဖြစ် ကျမတို့ ရှုမြင်သုံးသပ်ပါတယ်။ ကျမတို့အားလုံး ချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ကြဖို့အတွက်၊ ဒီအောင်မြင်မှုတွေကို ဆက်လက်ရရှိနိုင်အောင် အကြီးအကျယ်ကြိုးပမ်းအားထုတ်ကြရဖို့ဖြစ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု စတဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေနဲ့ ကိုယ်ပိုင်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အားထုတ်နေကြပါတယ်။ EU ဥရောပသမဂ္ဂရဲ့ ပြည်သူတွေရဲ့ ပျော်ရွှင်မှု၊ သာယာဝပြောမှုတို့ကို အပြုသဘောနဲ့ ရှေ့ရှုပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့ EU ကမိတ်ဆွေများနဲ့အတူ ကျမတို့ အတူတကွ ရပ်တည်နေကြပါတယ်။"

ဥရောပကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker ကတော့ ဒီ ဥရောပသမဂ္ဂ နှစ် ၆၀ ပြည့် အထမ်းအမှတ် ကြေညာစာတမ်းဟာ သူတို့အကြား အကောင်းမြင် မျှော်လင့်ချက်တွေ တိုးလာတာကို ပြသနေတယ်လို့ ပြောသွားတာပါ။ ဒီကနေ့ ရောမမြို့က အခမ်းအနား တက်ရောက်တဲ့နိုင်ငံတွေထဲမှာတော့ Britain နိုင်ငံ မပါဝင်ပဲ Britain နိုင်ငံက ဒီ ဥရောပသမဂ္ဂ ကနေ နှုတ်ထွက်ဖို့ တရားဝင်လုပ်ငန်းစဉ်တွေကို မကြာခင် ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG