သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလက်ပိုမြို့က ဘေးလွတ်ရာပြောင်းရွှေ့ရေး အစီအစဉ် ရပ်ဆိုင်း


အလက်ပိုမြို့က လူတွေကို ဘေးလွတ် ရာပြောင်းရွှေ့ပေးဖို့ စောင့်ဆိုင်းနေတဲ့ အရေးပေါ်ယာဉ်နဲ့ကားများ။ ( ဒီဇင်ဘာ ၁၅၊ ၂၀၁၆)
အလက်ပိုမြို့က လူတွေကို ဘေးလွတ် ရာပြောင်းရွှေ့ပေးဖို့ စောင့်ဆိုင်းနေတဲ့ အရေးပေါ်ယာဉ်နဲ့ကားများ။ ( ဒီဇင်ဘာ ၁၅၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကနေ လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေ တာတွေကို ရပ်ဆိုင်းလိုက်တာကြောင့်၊ လူတွေထောင်နဲ့ချီပြီး ပိတ်မိနေကြပါတယ်။ အလက်ပိုမြို့ထဲကနေ လူတွေကို ဘေးလွတ်ရာကို သယ်ဆောင်ပေးနေတဲ့ ယာဉ်တန်းတွေနားမှာ သောကြာနေ့က ပေါက်ကွဲမှုဖြစ်တဲ့အသံတွေ ကြားခဲ့ရပါတယ်။

သူပုန်တွေဘက်က အစိုးရနဲ့ အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ ဆီးရီးယားအစိုးရပိုင် သတင်းတွေက ဆိုပါတယ်။ လူတွေကို ဘေးလွတ်ရာ ဘယ်တော့ပြန်ပြီး ရွှေ့ပေးနိုင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပဲဖြစ်နေပါတယ်။

ဆီးရီးယားနိုင်ငံမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်လာဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်တွေ စတင်နိုင်ဖို့အတွက် ရုရှားနိုင်ငံက တူရကီ နဲ့ လုပ်ဆောင်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အစောပိုင်း မှာ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်က သူ နဲ့ တူရကီသမ္မတ Recep Tayyip Erdogan တို့က ဆီးရီးယားအစိုးရ နဲ့ အတိုက်အခံတွေကြားမှာ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ အဆိုပြုခဲ့တယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေစဉ် အတွင်း သောကြာနေ့ က ပြောကြားခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲကိုတော့ ကာဇက်စတန်နိုင်ငံ အက်စတာနားမြို့မှာ ကျင်းပသွားနိုင်ဖွယ်ရှိပါတယ်။

ရုရှား နဲ့ တူရကီတို့က စီစဉ်တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအရ အလက်ပိုမြို့ကနေ လူတွေထောင်နဲ့ချီပြီး ကြာသပတေးနေ့က ထွက်ပြေးခဲ့ကြပြီးတဲ့နောက် နောက်ထပ်အရပ်သားတွေ မြို့ကနေ ထွက်ဖို့ ပြင်နေတဲ့အချိန်မှာ ရုရှားသမ္မတ ပူတင်က ပြောလိုက်တာ ဖြစ်ပါတယ်။ အလက်ပိုမြို့အခြေအနေကို ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို သောကြာနေ့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG