သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာတဲ့ Chibok ကျောင်းသူတွေ မိသားစုနဲ့ပြန်ဆုံ


နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari နဲ့ ပြန်လွတ်လာတဲ့ ကျောင်းသူလေး ၈၂ ဦး။
နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari နဲ့ ပြန်လွတ်လာတဲ့ ကျောင်းသူလေး ၈၂ ဦး။

ဘိုကိုဟာရမ် စစ်သွေးကြွတွေ နှစ်နဲ့ချီပြီး ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ဂျီးရီးယား ကျောင်းသူလေး ၈၂ ဦးဟာ စနေနေ့မှာတော့ နိုင်ဂျီးရီးယား မြို့တော် Abuja မှာ ပထမဆုံး အကြိမ်အဖြစ် သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။

ဒီကျောင်းသူလေးတွေဟာ ၂၀၁၄ ခုနှစ်တုန်းက သူတို့ ကျောင်းအိပ်ကျောင်းစား တက်နေတဲ့ Chibok ကျောင်းကနေ အဖမ်းဆီးခံရတဲ့ ကျောင်းသူ လေး ၂၇၆ ယောက် ထဲမှာ ပါ ပါတယ်။ သူတို့ကို အခုလို လွှတ်ပေးခဲ့တာဟာ ဘိုကိုဟာရမ် စစ်သွေးကြွတွေနဲ့ နိုင်ဂျီးရီးယား အစိုးရတို့ကြား အကျဉ်းသား အလဲအလှယ် လုပ်ပြီး ရလာတဲ့ သဘောတူညီမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ဖမ်းထားတဲ့ ကျောင်းသူလေးတွေထဲမှာ တဦးချင်း ပြန်လွှတ်ပေးတာတွေ၊ ထွက်ပြေးလွတ်မြောက်တာတွေ ရှိသလိုပဲ အောက်တိုဘာလ တုန်းကတော့ ၂၁ ဦး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသူလေး တရာကျော်လောက်ကတော့ အခုထိ အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။ ညှိနှိုင်းမှုတွေကနေ သူတို့ ပြန်လွတ်မြောက် နိုင်ပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘိုကို ဟာရမ် စစ်သွေးကြွတွေဟာ နိုင်ဂျီးရီးယား မြောက်ပိုင်းဒေသကို ဘာသာရေးတင်းကြပ်တဲ့ အစ္စလာမ် နိုင်ငံအဖြစ် ပြောင်းလဲစေဖို့အကြမ်းဖက်မှုတွေနဲ့ ကြိုးစားရင်း ၈ နှစ်အတွင်းမှာ လူပေါင်း ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကျောင်းသူလေးတွေကို ဖမ်းဆီးတာဟာ အရပ်သားတွေ ပြန်ပြီးမတွန်းလှန်နိုင်အောင် ခြိမ်းခြောက်မှုလို့ နိုင်ဂျီးရီးယား အာဏာပိုင် တွေက ယုံကြည်ပါတယ်။

မိန်းကလေးငယ် အများအပြားကို ဖမ်းဆီးထားသူတွေက အတင်းအကြပ် လက်ထပ်တာတွေ ရှိသလို သူတို့နဲ့ ကလေးတွေမွေးခိုင်းခဲ့တာဖြစ်ပါတယ်။ အသေခံဗုံးခွဲရာမှာ ခိုင်းစေမှာကို စိုးရိမ်တဲ့အတွက် သူတို့ရဲ့ အတင်းအကြပ် ခိုင်းစေမှုတွေကို မိန်းကလေးငယ်တွေက မငြင်းပယ်ရဲ ကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG