သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး CDF အဖွဲ့ ဟားခါးမှာ တိုက်ပွဲဆက်ဖြစ်


မတ်လ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြသပိတ်။ (မတ် ၂၉၊ ၂၀၂၁)
မတ်လ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြသပိတ်။ (မတ် ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသကာကွယ်ရေး Chinland Defense Force အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား အခုရက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကို နှစ်ဘက် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က ၂ ယောက်ထည်း မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဟားခါးမြို့ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပါမယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေး CDF ဟားခါး တပ်ဖွဲ့တွေအကြား အခုရက်ပိုင်း တိုက်ပွဲတွေ ဖြစ်နေတာမှာ မေလ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က ဟားခါး မတူပီလမ်းဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"မနေ့က သူတို့က လုံခြုံရေးတွေ နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ ခြုံခိုပြီး သွားပစ်တယ်။ ကျနော်တို့ ဟားခါး မတူပီ။ အဲဒီမှာ ကျနော်တို့ မျက်စိရှေ့မှာ ပွဲချင်းပြီးသေသွားတဲ့သူက ၇ ယာက်။"

ခုလို ခြုံခိုပစ်ခတ်ပြီး CDF တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာချိန် ကျန်ခဲ့တဲ့မော်တော်ဆိုင်ကယ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဟားခါးမြို့ခံတဦးက ပြောပါတယ်။

"၁၉ ရက်နေ့က မတူပီ ဟားခါးလမ်းပေါ့နော်ဖြစ်တာ။ သူတို့ ယာယီစခန်းချထားတဲ့နေရာမှာ။ တိုက်ပွဲဖြစ်တာပေါ့နော်။ အဲဒီမှာ တိုက်ပွဲဖြစ်တော့ CDF ဘက်ပြန်ဆုတ်တာပေါ့နော်။ တပ်ပြန်ဆုတ်တဲ့အချိန်မှာ CDF ကျန်ခဲ့တဲ့ဆိုင်ကယ်အကုန် မီးရှို့ခံရတယ်။ အစီး ၃၀ လောက်မီးရှို့ခံရတယ်။"

မလ ၁၈ ရက်နေ့ကလည်း ဟားခါးမြို့မှာထဲက နေရာ ၃ ခုမှ စစ်တပ်နဲ့ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ CDF တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

"၁၈ ရက်နေ့ ညနေပိုင်း ၃ နာရီနဲ့ ၅ နာရီကြားလောက်မှာ ကျနော်တို့ ဟားခါးနဲ့ လော့လုံးကျေးရွာနားမှာရှိတဲ့ ကျနော်တို့ ခနတဖြုတ်နားနေတဲ့နေရာကိုလေ သူတို့ စစ်သားတွေကလာပစ်တယ်ဆိုတော့ တိုက်ခိုက်ဖို့လာတယ်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်တယ်။ သူတို့ကအလုံးအရင်းနဲ့ အယောက်က ၆၀ လောက်နဲ့ လာတော့ ကျနော်တို့ တပ်ပြန်ဆုတ်ရတယ်။ နောက်ပြီးတော့ မြို့တွင်းမှာ ၆ လမ်းဆုံမှာလည်း တခါပစ်တယ်။ အဲဒီဟာကလည်း ၉ နာရီနဲ့ ၁၀ နာရီကြားပေါ့နော်။ နောက်တခုက ဟားခါး ထန်တလန် အဝင်ဂိတ်မှာ လုံခြုံရေးဂိတ်ရှိတယ်။ အဲဒီနားမှာ သွားပစ်တယ်။ အဲဒီက ညပိုင်းကဖြစ်ခဲ့တာပေါ့။"

မေလ ၁၈ နဲ့ ၁၉ ၂ ရက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက် ကျဆုံးပြီး ၂၀ လောက်ဒဏ်ရာရှိခဲ့တယ်လို့ ဟားခါး CDF တပ်ဖွဲ့ဘက်ကပြောပေမဲ့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

ဟားခါးမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"မနေ့က မနက် ၄ နာရီခွဲနဲ့ ၇ နာရီလောက်ကြားမှာတော့ ဟားခါးရဲ့ တောင်ဘက်မီတာ ၇,၀၀၀ လောက်မှာတော့ ကျနော်တို့ အကြမ်းဖက်အဖွဲ့ လူ ၇ ဦးနဲ့တကြိမ် ၄၀ ဦးနဲ့တကြိမ် ထိတွေ့မှု ဖြစ်ပွါးခဲ့ပါတယ်။ အဲဒီအကြမ်းဖက်သူတွေက လောက်လုံ ကျေးရွာဘက်ပြန်ဆုတ်သွားပါတယ်။ ကျနော်တို့ အဲဒီအကြမ်းဖက်တွေဆီက တလုံးထိုးသေနတ်တလက် ဖမ်းဆီးရမိတာရှိတယ်။ ကျနော်တို့ဆီက စစ်သည်က နှစ်ဦးသုံးဦးလောက် အနည်းငယ်ထိခိုက်ဒဏ်ရာရတာရှိပါတယ်။ ကျန်တဲ့ဖြစ်စဉ်တော့ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့လူငယ် ၆၀ လောက်ကို စစ်ကောင်စီကနေ ဖမ်းဆီးခဲ့ပြီး သူတို့ကိုပြန်လွှတ်ပေးဖို့ CDF အဖွဲ့ဘက်က တောင်းဆိုခဲ့တာမှာ ပြန်မလွှတ်ပေးလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG