သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးရွယ်အို စိတ်ကြွရောဂါ


သက်ကြီးရွယ်အို စိတ်ကြွရောဂါ
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်


သက်ကြီးရွယ်အိုတွေမှာ စိတ်ကြွရာဂါဖြစ်တာ ရှိနေပြီး၊ စောစောသိ စောစောစီးစီး အချိန်မီကုသနိုင်ရင် ပြန်ကောင်းနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။ စိတ်ကြွရာဂါ ဖြစ်ရခြင်း အကြောင်းရင်းက အသက်ကြီးလာချိန် ရောဂါအမျိးမျိုး ရှိလာတာကြောင့် အဖြစ်များပြီး၊ မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါတွေထဲမှာ ဦးနှောက်အကြိတ်နဲ့ ကင်ဆာရောဂါ၊ လည်ပင်းကြီးရောဂါ စတာတွေ ပါပါတယ်။ ဒါ့အပြင် ဖြစ်လာတဲ့ ရောဂါအမျိုးမျိုးအတွက် Steroid ဆေးနဲ့ တီဘီရောဂါဆေး အပါအဝင် ဆေးမျိုးစုံ သောက်ရတာကြောင့်လဲ ဒီရောဂါ ဆက်ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ရလာချိန် အာဟာရပြည့်ဝအောင် မစားနိုင်တာကြောင့် ဗီတာမင် ချို့တဲ့မှုကြောင့်လဲ ဒီရောဂါမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီရောဂါကနေ ကာကွယ်လုပ်ကိုင်ရာမှာ မျိုးရိုးလိုက်တဲ့အတွက် ကာကွယ်ရခက်ပေမယ့်၊ ရောဂါမျိုးစုံဝင်လာတာကြောင့် နောက်ဆက်တွဲတွေ ဖြစ်တတ်တဲ့အတွက် ဒီရောဂါတွေ မဝင်လာနိုင်အောင် မိသားစုက ဂရုစိုက်ပေးတာနဲ့ ရောဂါဖြစ်လာရင်လဲ အမြန်ဆုံး ကုသပေးသင့်ပါတယ်။ ဦးနှောက် အကြိတ်ဖြစ်တာမျိုးအတွက် စောစော သိပြီး ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် အသက်အရွယ်ရလာချိန်မှာ ဦးနှောက် ဓာတ်မှန်ရိုက်တာတွေ နှစ်စဉ်လုပ်ပေးသင့်ပါတယ်။

စိတ်ကြွရောဂါဖြစ်လာရင်လဲ စောစောသိ ၊စောစောကုသနိုင်အောင် စောင့်ကြည့်သင့်တဲ့ စိတ်ကြွလက္ခဏာတွေကတော့ ကောင်းကောင်းမအိပ်တော့တာ၊ အခုလို ကောင်းကောင်းမအိပ်ပေမယ့် ပင်ပန်းမှုမရှိဘဲ တက်ကြွနေတာ၊ မရပ်မနား စကားတွေ အများကြီးပြောလာတာ၊ ကိုယ်တော်ကြောင်း တတ်ကြောင်း ဘာမဆိုလုပ်နိုင်ကြောင်း ဘဝင်မြင့်ပြီး ပြောဆိုလာတာ၊ အစာ မစားဘဲလဲ အကြာကြီး နေနိုင်လာတာ၊ ဂဏာမငြိမ်တာ၊ တစ်နေရာထဲ ခပ်ကြာကြာ မနေနိုင်နိုင်တော့တာ၊ အလွန် လျှင်မြန်သွက်လက်ဖြတ်လတ်လာတာ၊ စိတ်မထိန်းနိုင်တာကြောင့် မလိုအပ်ဘဲ စည်းကမ်းတွေကို ချိုးဖောက်လာတာ၊ ဆန့်ကျင်ဖက် လိင်ကို အလွန်အမင်းစွဲမက်လာတာ၊ ငွေကြေးအသုံးအဖြုန်းကြီးလွန်းလာတာ၊ လှုဒါန်းပေးကမ်းလို စိတ်လွန်လာတာ၊ အလှအပ ပြင်လွန်းလာတာ၊ အရောင်တောက်တာတွေ ပိုကြိုက်လာတာ စတာတွေဖြစ်ပါတယ်။

စိတ်ကြွလက္ခဏာတွေ ပြလာရင် စောစော သတိထားမိပြီး အချိန်မီ ဆေးရုံ၊ဆေးခန်းပြ ကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့် မိသားစု အဖွဲ့ဝင်တွေက စောစော သတိထားမိပြီး ဆေးရုံပြပေးဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ များသောအားဖြင့် မအိပ်မစား၊ ဒေါသကြီးတဲ့အဆင့်လို ရောဂါဆိုးလာမှ လာပြတတ်တာကြောင့် ဆေးရုံတင်ကုသရမှုများပါတယ်။ ကုသရာမှာတော့ ဖြစ်ရခြင်း အခြေခံရောဂါကို ရှာဖွေပြီး ထိရောက်တဲ့ ဆေးတွေနဲ့ စိတ်ရောဂါဆိုင်ရာဆေးတွေ သင့်တော်အောင် တွဲပေးဖို့ လိုပါတယ်။ အခုလို ဆေးတွေအတိအကျသောက်တာနဲ့ အချိန်မှန်ဆရာဝန်ပြန်ပြတာအပြင် မိသားစုရဲ. အလိုက်သင့် ပြုစုကူညီပေးမှုတွေပါ ပေါင်းစပ်ပေးနိုင်ရင် လူနာပြန်ကောင်းလာဖို့ အလားအလာများပါတယ်။ ဆေးဒဏ် မခံနိုင်သူတွေအတွက်လဲ နောက်ပေါ်လာတဲ့ လျှပ်စစ်ကုထုံးတွေက ထိရောက်မှု ရှိလာပါတယ်။ ဒါ့အပြင် ရောဂါပျောက်ကင်းပြီး နောက်တစ်ခေါက် ပြန်မဖြစ်ဖို့အတွက် ကာကွယ်ဆေးတွေလဲ ဆက်ပေးထားနိုင်ပါတယ်။

ဒီစိတ်ရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ ၊ပညာဌာန ပါမောက္ခ၊ ဌာနမှူး၊ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာဉာဏ်ဝင်းကျော် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG