သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးရာပါ နှလုံးရောဂါ


မွေးရာပါ နှလုံးရောဂါ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ မွေးရာပါ နှလုံးရောဂါတွေကို အောင်မြင်စွာ ကုသပေးနိုင်တာမို့ ဒီရောဂါကြောင့် အချိန်မတိုင်ခင် သေဆုံးမှုတွေ လျှော့ချနိုင်ပြီလို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ဒီမွေးရာပါရာဂါဖြစ်ရခြင်း အကြောင်းရင်းက မသိနိုင်တာ ရှိသလို၊ သိနိုင်တာလဲ ရှိပါတယ်။ အသေအချာ သိနိုင်တာကတော့ ဂျိုက်သိုးရောဂါဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကလေးတွေမှာ အခုလို မွေးရာပါ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့ အတက်ကျဆေးတွေ နှလုံး နဲ့ စိတ်ရောဂါကာကွယ်ဆေး တစ်မျိုးသောက်ရတာတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပေမဲ့ အတိအကျ ဖြစ်စေတဲ့ အကြောင်းရင်းလို့တော့ ပြောလို့မရပါဘူး။ ကာကွယ်နိုင်ဖို့ကတော့ အကြောင်းရင်းသိထားတဲ့ ဂျိုက်သိုးပိုးကြောင့် မဖြစ်ရအောင် ဝက်သက်နဲ့ ဂျိုက်သိုးကာကွယ်ဆေး ထိုးထားရပါမယ်။

ဒီမွေးရာပါ နှလုံးရောဂါဖြစ်လာရင် ကြိုသိနိုင်တဲ့ လက္ခဏာတွေက မွေးပြီးပြီးချင်း ဆရာဝန်က စမ်းသပ်ရာမှာ နှလုံးခုန်သံ ပုံမှန်မဟုတ်တာ၊ ကလေးက မောနေပြီး နို့ကောင်းကောင်း မစို့နိုင်ပဲ ချွေးသီးချွေးပေါက် ထွက်လာတာ၊ အသက်ရှုမြန်လာတာ၊ လျှာ ပြာလာတာနဲ့ နောက်ပိုင်း လက်တွေခုံးလာတာ၊ ပုံမှန် ကြီးထွားဖွံ့ဖြိုးမှု မရှိတာတွေပါ။

ကုသမှုကတော့ ပြာတဲ့ မွေးရာပါ နှလုံးရောဂါ အမျိုးအစားမှာ ခွဲစိတ်ကုသမှ ရပါတယ်။ ဒါပေမဲ့ မပြာတဲ့ အမျိုးအစားမှာတော့ စားဆေး သောက်ခိုင်းပြီး၊ မရတော့မှသာ ခွဲစိပ်သင့်ပါတယ်။ ခွဲစိပ်ရာမှာလဲ နှလုံးကိုဖွင့်ပြီး ကြီးမားတဲ ခွဲစိပ်မှုအပြင်၊ ခြေထောက်က ပိုက်ထဲ့ပြီး နှလုံးအဆို့တွေကို ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် ကုသမှုတွေ မြန်မာနိုင်ငံမှာ အောင်မြင်စွာ လုပ်ပေးနိုင်နေပါပြီ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG