သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံး ပြန်လည်ကျန်းမာသန်စွမ်းရေး


နှလုံး ပြန်လည်ကျန်းမာသန်စွမ်းရေး
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ နှလုံးရောဂါအတွက် ဆေးကုသမှုတွေ ခံယူကြပေမယ့် နောက်ဆက်တွဲအနေနဲ့ နှလုံးပြန်လည်ကျန်းမာသန်စွမ်းရေး လုပ်ဖို့ကိုတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

နှလုံးပြန်လည်ကျန်းမာသန်စွမ်းရေး အစီအစဉ်မှာ လိုအပ်တဲ့အဆင့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာ၊ ECG နဲ့ စစ်ဆေးတာနဲ့ နှလုံးရောဂါဆိုင်ရာ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ ပါဝင်ပါတယ်။ ဒီ အစီအစဉ်ကို ယေဘုယျအားဖြင့် (၂) လ ကနေ (၃) လ ခန့် အချိန်ယူ လုပ်ဆောင်ရပါတယ်။

အဲဒီလို လုပ်ဆောင်ခြင်းဖြင့် အကျိုးကျေးဇူးများးစွာ ရနိုင်ရာမှာ နှလုံးရောဂါ ပြန်မဖြစ်အောင်နဲ့ ပြန်ဖြစ်လာရင်လဲ စောစောသိ စောစောကုသနိုင်တာတွေ ပါဝင်တာကြောင့် နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျစေပြီး၊ နှလုံးရောဂါရှိလျက် ပုံမှန်လူတယောက်ကဲ့သို့ သက်တမ်းစေ့ နေနိုင်ပါလိမ့်မယ်။

ဒီနှလုံးရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူးဒေါက်တာခင်မောင်အေး ကို ကိုဝင်းမင်းက ဆက်သွယ်မးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG