သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အူလမ်းကြောင်း သွေးကြောပိတ်ခြင်း


အူလမ်းကြောင်း သွေးကြောပိတ်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


အူကိုသွားတဲ့ သွေးကြောပိတ်ရောဂါ ဖြစ်တာကို စောစောမသိ၊ ကြိုတင်မကုသနိုင်ရင် အသက်ဆုံးရှုံးသေဆုံးမှုတွေ များနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

အသက်ကြီးလာသူတွေမှာ ပိုဖြစ်တတ်တဲ့ ဒီရောဂါဖြစ်တာကို စောစောကြိုသိနိုင်ဖို့ အသက် (၆၅) ကနေ (၈၀) အကြား လူကြီးတွေ ဗိုက်နာလာရင် ဒီရောဂါ ဖြစ်နိုင်တာကိုလည်း သံသယထားပြီး စစ်ဆေးဖို့ အရေးကြီးပါတယ်။ အခြား လက္ခဏာတွေကတော့ ဝမ်းသွားရခက်တာ၊ ဗိုက်တင်းတာ၊ ဗိုက်ပွတာတွေ ဖြစ်ပါတယ်။

ဒီရောဂါ ဖြစ်ဖို့ အန္တရာယ်များသူတွေမှာ အဆီများသူ၊ ကိုယ်အလေးချိန်များသူ၊ ဆီးချိုရှိသူ၊ ဆေးလိပ်အလွန်အကျွံသောက်သူ၊ အခြားသွေးကြောရောဂါရှိသူ၊ သွေးခဲလွယ်သူနဲ့ ရုတ်တရက် ဖျားနာပြီး အရည်မဝင်သူတွေဖြစ်တာမို့ သူတို့မှာ အထက်ပါ လက္ခဏာတွေ ပြလာရင် ပိုသတိထား စစ်ဆေးဖို့ လိုပါတယ်။ စစ်ဆေးရာမှာ သွေးစစ်ကြည့်တာအပြင် အူကိုသွားတဲ့ သွေးကြောတွေကို ခေတ်မီ ဓာတ်မှန်ရိုက်ကြည့်တာ (Mesenteric Angiogram၊ Digital Subtraction Angiogram၊ CT နဲ့ MRI) တွေ လုပ်ပေးသင့်ပါတယ်။

ဒီရောဂါဖြစ်တာကို စောစောသိပြီး အချိန်မီ ကုသနိုင်လျှင် အများစု ပြန်ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ နောက်ကျမှ ကုသနိုင်လျှင် အူပုပ်ပြီး သွေးဆိပ်တက်ကာ သေဆုံးမှုများနိုင်ပါတယ်။ ကုသရာမှာ သွေးမခဲဆေးပေးတာ၊ အရည်နဲ့ အောက်ဆီဂျင်ပေးတာ၊ ပဋိဇီဝပိုးသတ်ဆေးပေးတာအပြင် ခွဲစိပ်မှုတွေပါ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ်အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါခွဲစိပ်ကုဌာန အငြိမ်းစား ပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG