သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လည်ပင်းကြိတ်ဟော်မုန်းများတဲ့ နှလုံးရောဂါ


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ လည်ပင်းကြိတ်ဟော်မုန်းများပြီးဖြစ်တဲ့ နှလုံးရောဂါနဲ့ သေဆုံးမှုတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ရောဂါ စမဖြစ်အောင် ကာကွယ်ရခက်တဲ့ နှလုံးရောဂါဖြစ်နေတာ မသိရှိတာကြောင့် အချိန်မီ ဆေးကုသမှုမရဘဲ သေဆုံးနေရမှုတွေ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ရှိနေပါတယ်။ အခုလို မလိုအပ်တဲ့ သေဆုံးမှုကနေ ကာကွယ်နိုင်ဖို့ ဒီရောဂါဖြစ်တာ စောစောသိ၊ အချိန်မီ ကုသပေးဖို့ အရေးကြီးပါတယ်။ စောစောသိနိုင်ဖို့ စောင့်ကြည့် စောင့်ကြည့်ရမယ့် လက္ခဏာတွေက နှလုံးခုန်မြန်တာ၊ မောတာ၊ ရင်တုန်တာ၊ ပိန်နေတာ၊ ကိုယ်အလေးချိန်ကျတာ၊ ချွေးစေးထွက်တာ၊ ဂဏာမငြိမ်ဖြစ်တာ၊ မျက်လုံးမို့ပြီး ပြူးထွက်လာတာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးရှေ.အနည်းငယ် မို့ထွက်လာတာ၊ လက်တုန်တာတွေ ဖြစ်ပါတယ်။ စမ်းသပ်ကြည့်လျှင် သွေးတိုးရောဂါတွဲရှိနေတတ်တာနဲ့ နှလုံးခုန် မြန်တာ၊ ပိုခုန်နေတာတွေ တွေ့ရတတ်ပါတယ်။

ဒါ့အပြင် ရောဂါဖြစ်တာ သေချာဖို့ သွေးစစ်ကြည့်လျှင် လည်ပင်းကြိတ်ဟော်မုန်းများနေတာ တွေ့ရလေ့ရှိပါတယ်။ နှလုံးထိခိုက်မှု အတိုင်းအတာကို သိနိုင်ဖို့ အီးစီဂျီ (Electrocardiogram - ECG) နဲ့ အက်ကိုး (Echocardiogram - Echo) ရိုက်တာနဲ့ Radioactive Iodine Uptake (RAIU) စမ်းသပ်မှုတွေ လုပ်ပေးနိုင်ပါတယ်။ အခုလို စောင့်ကြည့်၊ စစ်ဆေးမှုတွေကြောင့် ဒီရောဂါဖြစ်တာကို စောစောသိလျှင် သေဆုံးမှု မဖြစ်ရအောင် ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ လည်ပင်းကြိတ်ဟော်မုန်းကို ချေဖျက်တဲ့ဆေးနဲ့ နှလုံးခုန် မြန်တာ ထိန်းတဲ့ဆေးတွေ စပေးနိုင်ပါတယ်။ ခုလို ဆေးပေးကုသမှုနဲ့ မရလျှင် လည်ပင်းကြိတ်ဖြတ်ထုတ်တဲ့ ခွဲစိပ်ကုသမှု လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ရောင်ခြည် ခံနိုင်လာသူတွေအတွက် ဓာတ်ရောင်ခြည်သုံး ဖြတ်တောက်ကုသမှုတွေ လုပ်ပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ်သိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ်အထူးကု ဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါခွဲစိပ်ကုဌာန အငြိမ်းစား ပါမောက္ခဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG