သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးအားနည်းရောဂါ


သွေးအားနည်းရောဂါ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ သွေးအားနည်းရောဂါ အဖြစ်မနည်းဘဲ၊ ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး မရွေးဖြစ်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။ သွေးနီဥထဲ ဟေမိုဂလိုဘင် ပမာဏ နည်းသွားတဲ့ သွေးအားနည်းရောဂါဟာ ကလေးငယ်တွေမှာ အာဟာရမပြည့်ဝတာနဲ့ သန်ကောင်တွေကြောင့်ဖြစ်ရပြီး၊ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်စဉ်၊ ရာသီလာချိန်နဲ့ အမျိုးသမီးရောဂါ ခံစားရချိန်တွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာလည်း သွေးထွက်များတဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ အသက်ကြီးလာချိန် နာတာရှည်ရောဂါဖြစ်လာတာကြောင့်လည်း သွေးအားနည်းတတ်ပါတယ်။ ဒါ့အပြင် သွေးနီဥ ထုတ်ပေးတဲ့ ရိုးတွင်းချဉ်ဆီရောဂါဖြစ်သူတွေ၊ သွေးနီဥထုတ်ဖို့ လိုအပ်တဲ့ ဗီတာမင် B12, ဖောလစ်အက်ဆစ်နဲ့ သံဓာတ်ချို.တဲ့သူတွေ၊ သွေးနီဥပျက်စီးရတဲ့ ရောဂါဖြစ်သူတွေ၊ သွေးနီဥဆုံးရှုံးသူတွေမှာ ဒီရောဂါ ဖြစ်လေ့ရှိပါတယ်။ ငှက်ဖျားရောဂါအဖြစ်များပြီး ဗေလုံးကြီးနေသူနဲ့ မျိုးရိုးဗီဇလိုက်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

သွေးအားနည်းတာ မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် သွေးနီဥ ထုတ်ဖို့လိုအပ်တဲ့ ဗီတာမင် B12၊ ဖောလစ်အက်ဆစ်၊ သံဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်ဥသစ်ဖု၊ အခွံမာသီး၊ အစေ့အဆံများ၊ ငှက်ပျောသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး၊ သစ်တော်သီး၊ ဇီးသီး၊ ကြက်သွန်စိမ်း၊ မုန်လာဥနီနဲ့ ခရမ်းချဉ်သီးတွေ စားသုံးပေးဖို့ လိုပါတယ်။ ဒါ့အပြင် သံဓာတ်များတဲ့ ဆန်လုံးညို၊ ဂျုံ၊ နေကြာစေ့၊ ပဲပုတ်၊ ပဲကြီးစေ့၊ ကြက်ဥ၊ ဘဲဥနဲ့ ပျားရည်တို့ကို စားသောက်ပေးသင့်ပါတယ်။ အူကနေတဆင့် သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုများလွန်းတဲ့ အစားအသောက်တွေကို အလွန်အကျွံ မသုံးဆောင်သင့်ပါဘူး။ ရိုးတွင်းချဉ်ဆီရောဂါ၊ သွေးနီဥပျက်စီးတဲ့ရောဂါ၊ သွေးနီဥဆုံးရှုံးတဲ့ရောဂါနဲ့ နာတာရှည်ရောဂါရှိသူတွေအနေနဲ့လည်း ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြပြီး ကုသမှုခံယူသင့်ပါတယ်။

သွေးအားနည်းရောဂါ ဖြစ်လာခဲ့ရင် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုမဝဖြစ်ကာ မောလွယ်တော၊ မျက်လုံးပြာလာတာ၊ ရင်တုန်တာ၊ နားအူတာ၊ ပျော့ခွေပြီး ကြွက်သားအားနည်းလာတာ၊ အစားအသောက်ပျက်တာ၊ ရင်ဘတ်အောင့်တာ၊ ပျို.တာ၊ အန်တာ၊ ဝမ်းလျောတာနဲ့ အိပ်မရတာတွေ ဖြစ်ပါတယ်။

ဒီရောဂါလက္ခဏာတွေပြလာရင် သွေးအာနည်းရောဂါ သေချာအောင် သွေးစစ်ပြီး ဟေမိုဂလိုဘင် ပမာဏကို တိုင်းတာနိုင်ပါတယ်။ အမျိုးသားတွေမှာ သွေးတစ်လီတာကို ဟေမိုဂလိုဘင် (၁၃၀) ဂရမ်အောက်နဲ့ အမျိုးသမီးတွမှာ (၁၁၅) ဂရမ်အောက်ဆိုရင် သွေးအားးနည်းရောဂါအဖြစ် သတ်မှတ်နိုင်ပါတယ်။ ကုသရာမှာတော့ လိုအပ်တဲ့ ဟေမိုဂလိုဘင် ပြန်ဖြည့်ပေးတာအပြင်၊ ဟေမိုဂလိုဘင် လျော့ကျစေတဲ့ အကြောင်းရင်းကိုပါ ကုသပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ နောက်တစ်ခေါက် ပြန်မဖြစ်မှာပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG