သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သကြားနဲ့ ကျန်းမာရေး


လူအများ အထူးသဖြင် ငယ်ရွယ်စဉ်မှာ ပိုကြိုက်တတ်တဲ့ သကြားကို ခန္ဓာကိုယ်အတွက် လိုတာထက် ပိုစားမိရင် ကျန်းမာရေး အန္တရာယ်တွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

သကြားကို လိုအပ်တာထက် ပိုစားမိရင် အဝလွန်ခြင်းနှင့် ဆက်စပ်သည့် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများနှင့် ဆီးချိုရောဂါအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ အရေပြား အိုမင်းလွယ်ခြင်းနှင့် ကြွက်သားပျက်စီးခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများတွင် နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေထောက်နှင့်လက် သွေးကြောကျဉ်းရောဂါ၊ ဦးနှောက်သွေးကြောကျဉ်း လေဖြတ်ရောဂါနှင့် သွေးတိုးရောဂါ စသည်တို့ပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာပြဿနာများတွင် မှတ်ဉာဏ်ကျခြင်း၊ တွေးခေါ်မျှော်မြင်နိုင်မှု စွမ်းအားကျဆင်းခြင်း၊ စိတ်ထိန်းချုပ်မှုယိုယွင်းလာခြင်း၊ သကြားကို စွဲလန်းသွားခြင်း စသည်တို့ ပါဝင်သည်။ သကြားကို လိုတာထက်ပိုစားမိသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှု မရှိလျှင် အထက်ပါရောဂါများ ဖြစ်နိုင်ချေပိုများသွားတတ်ပါသည်။ အားဖြည့်အချိုရည်များတွင်လည်း သာမန်သကြားထက် အဆပေါင်း (၂၀၀) ပိုများသည့် သကြားဓာတ်များကို အသုံးပြုထားသဖြင့် ပိုအန္တရာယ်ကြီးပါသည်။

သို့ဖြစ်ရာ သကြားကို လိုသည်ထက် ပိုမစားမိရန် ခန္ဓာကိုယ်က လိုအပ်တဲ့ သကြားပမာဏကို သိထားသင့်ပါသည်။ တစ်နေ့လိုအပ်သော သကြားပမာဏမှာ အမျိုးသား တစ်ဦးအတွက် လ္ဘက်ရည်ဇွန်း (၉) ဇွန်းခန့်နှင့် အမျိုးသမီးတစ်ဦးအတွက် လ္ဘက်ရည်ဇွန်း (၅) ဇွန်း ခန့်ဖြစ်ရာ အထက်ပါ ကျန်းမာရေးဆိုးကျိုးများ မဖြစ်စေရန်အတွက် ၎င်းပမာဏထက် ပိုမို မစားသုံးသင့်ပေ။

ဒီကျန်းမာရေးဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG