သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်ကတဆင့်ကလေးဆီ HIV ကူးစက်မှု ထိုင်း တားဆီးနိုင်


မိခင်ကတဆင့်ကလေးဆီ HIV ကူးစက်မှု ထိုင်း တားဆီးနိုင် (photo: dok)
မိခင်ကတဆင့်ကလေးဆီ HIV ကူးစက်မှု ထိုင်း တားဆီးနိုင် (photo: dok)

ကိုယ်ဝန်ဆောင် အမျိူးသမီးတွေကို ကျန်းမာရေး စောင့်ရှောက်မှု စောစောပေးတာနဲ့ HIV နဲ့ ကာလသား ရောဂါ ရရှိမရှိ စစ်ဆေးပေးတာတွေကြောင့် ထိုင်းနိုင်ငံဟာ အာရှ ပစိဖိတ် ဒေသမှာ ပထမဆုံးအဖြစ်နဲ့ အဲဒီရောဂါနှစ်မျိုးကို ကိုယ်ဝန်ဆောင် မိခင်ကနေ ကလေးငယ်ကို ကူးစက်မှုမရှိတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံဟာ HIV ရောဂါပိုး ကူးစက်ပျံ့နှံ့မှုတွေ ကြီးကြီးမားမား ကြုံတွေ့ခဲ့ရပြီးတဲ့နောက် AIDS ရောဂါ ကင်းရှင်းတဲ့ မျိုးဆက်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့ ပထမဆုံး နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့တဝှမ်းက ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အောင်မြင်မှုဟာ အစိုးရ အဆက်ဆက်ရဲ့ စဉ်ဆက်မပြတ် နိုင်ငံရေးအရ သန္ဒဌာန် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ခဲ့တာတွေ ကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောခွင့်ရ ပုဂ္ဂိုလ် Mukta Sharma က ပြောပါတာယ်။

၂၀၀၀ ပြည့်နနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြားမှာ အမျိုးသမီးတွေအကြား HIV ပိုး အသစ် ကူးစက်ခံရမှု အရေအတွက် ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံမှာ HIV ပိုးရှိတဲ့ ကလေးငယ် ၈၆ဦး မွေးဖွားလာခဲ့တာဟာ လွန်ခဲ့ ၁၀နှစ်လောက်က ဒီလို ကလေး ၁၀၀၀ လောက် မွေးဖွားမှုရှိခဲ့တာနဲ့ ယှဉ်ရင် အများကြီး လျော့ကျသွားတာ ဖြစ်ပါတယ်။

လိုအပ်တဲ့ ပြုစုကုသပေးတာတွေသာ မရှိရင် HIV ပိုးရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နဲ့ ကလေးနို့တိုက်ကျွေးချိန်နေမှာ ကလေးငယ်တွေဆီကို ကူးစက်နိုင်ခြေ ၃၀ရာခိုင်နှုန်း ပိုများပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG