သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသကူညီရေး ကန့်သတ်မှုမလုပ်ဖို့ ICRC တိုက်တွန်း


စစ်ဘေးရှောင် ကချင်ဒုက္ခသည်များ
စစ်ဘေးရှောင် ကချင်ဒုက္ခသည်များ

မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြစ်ပွားရာဒေသတွေမှာ အကူအညီ လိုအပ်နေသူတွေထံ သွားရောက်ကူညီနေတာတွေကို ကန့်သတ်မှုတွေ မလုပ်ဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေကို သွားရောက်ခွင့်၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို တွေ့ဆုံခွင့်တွေလို ကန့်သတ်ချုပ်ခြယ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ICRC ဥက္ကဋ္ဌ Peter Maurer က ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

"ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာတွေ၊ ဖမ်းဆီးခံထားရသူတွေထံ သွားရောက်ခွင့်တွေကို ကန့်သတ်ထားဆဲဖြစ်သလို၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင်လည်း အခက်အခဲတွေ ကြုံတွေ့နေရဆဲ ဖြစ်တဲ့အကြောင်း" ပြောဆိုခဲ့တာပါ။

ICRC အကြီးအကဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသ အပါအဝင် ကချင်ပြည်နယ်ကို ဒီကနေ့ သွားရောက်ဖို့ စီစဉ်ထားပေမဲ့ အာဏာပိုင်တွေက ခွင့်မပြုပဲ တားမြစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ICRC ဟာ လိုင်ဇာဒေသက အရပ်ဖက်ဆေးရုံတရုံကို အကူအညီတွေ ပေးအပ်နေတာဖြစ်ပေမဲ့၊ လွန်ခဲ့တဲ့ ၈ လက အစိုးရနဲ့ ကချင်လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားချိန်ကစလို့ ဝန်ထမ်းတွေကို သွားရောက်ခွင့် မပြုတော့ပဲ တားမြစ်ထားတာပါ။

ICRC ဥက္ကဋ္ဌကတော့ အကူအညီလိုအပ်နေသူတွေထံ သွားရောက်ခွင့် ပြုတာဟာ မြန်မာအစိုးရနဲ့ တပ်မတော်အတွက်လည်း အကျိုးကျေးဇူးခံစားရမယ့် ကိစ္စဖြစ်တာကြောင့် ခွင့်ပြုသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လုံခြုံရေးအတွက် စိတ်မချရတဲ့အတွက် မကြာခဏဆိုသလို၊ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာက အကဲခတ်တွေနဲ့ သတင်းမီဒီယာတွေကို သွားရောက်ခွင့်မပြုပဲ တားမြစ်လေ့ ရှိတတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG