သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား မြန်မာသံရုံး တိုက်ခိုက်မှုကြံစည်သူနှစ်ဦး ထပ်ဖမ်းမိ


အောက်တိုဘာလ ၂၀ ရက်နေ့က အကြမ်းဖက်ဝါဒီအဖြစ် သံသယရှိသူတဦးကို ဖမ်းဆီးစဉ် တွေ့ရသည့် အကြမ်းဖက် ဝါဒစွဲလုပ်ရပ် တိုက်ဖျက်ရေး အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။
အောက်တိုဘာလ ၂၀ ရက်နေ့က အကြမ်းဖက်ဝါဒီအဖြစ် သံသယရှိသူတဦးကို ဖမ်းဆီးစဉ် တွေ့ရသည့် အကြမ်းဖက် ဝါဒစွဲလုပ်ရပ် တိုက်ဖျက်ရေး အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က မြန်မာသံရုံးအပါအဝင် အထင်ကရ နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူ နှစ်ဦးကို အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Bahrain Agam ကိုတော့ အာချေးပြည်နယ်မြောက်ပိုင်းမှာ စနေနေ့ နှောင်းပိုင်းက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး Saiful Bahri ကိုတော့ Benten ပြည်နယ်မှာ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခဲ့တဲ့ ဗုံးပြုလုပ်သူလို့ သံသယရှိထားသူ Rio Priatna Wibawa ကို စစ်ဆေးမေးမြန်းမှုတွေကနေ ဒီလူတွေကို အာဏာပိုင်တို့ ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသား ရဲတပ်ဖွဲ့ ပြောခွင့်ရ Boy Rafli Amar က ပြောပါတယ်။

ဖမ်းဆီးထားသူ သုံးဦးတို့ဟာ အစ္စလာမ္မစ်အစွန်းရောက် IS အဖွဲ့ကို သစ္စာခံသူတွေ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဖမ်းဆီးခံရသူတွေက သူတို့ဟာ ရိုဟင်ဂျာ မူဆလင်တွေ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ မြန်မာကို တိုက်ခိုက်ချင်တာလို့ ပြောဆိုတဲ့ အကြောင်းလည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားလွှတ်တော်၊ ရဲဌာနချုပ်နဲ့ ရုပ်မြင်သံကြားဌာနတွေကို တိုက်ခိုက်ဖို့လည်း စီစဉ်ခဲ့တာဖြစ်တဲ့ အကြောင်း ပြောပါတယ်။

XS
SM
MD
LG