သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ သမ္မတ Rouhani တကျော့ပြန်အနိုင်ရ


အီရန်ရွေးကောက်ပွဲ အနိုင်ရ လက်ရှိသမ္မတ Rouhani ။
အီရန်ရွေးကောက်ပွဲ အနိုင်ရ လက်ရှိသမ္မတ Rouhani ။

အီရန်သမ္မတ ရွေးကောက်ပွဲကို သမ္မတ Hassan Rouhani အနိုင်ရခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားဌာနက စနေနေ့မှာကြေညာပါတယ်။ အနီးကပ်ဆုံးပြိုင်ဘက် သဘောထားတင်းမာသူ ဘာသာရေးခေါင်းဆောင် Ebrahim Raisi ကို သမ္မတ Rouhani အလွယ်တကူအနိုင်ရခဲ့တာပါ။ ကိုယ်စားလှယ်လောင်း ၄ ဦးအနက် Rouhani က မဲ ၅၇ ရာခိုင်နှုန်းရရှိခဲ့ပြီး မစ္စတာ Raisi က ဒုတိယအဖြစ် မဲ ၃၈ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။

သောကြာနေ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် အလုံးအရင်းနဲ့လာရောက်မဲပေးကြတဲ့အတွက် ရွေးကောက်ပွဲ အာဏာပိုင်တွေက မဲပေးတဲ့အချိန်ကို ညသန်းခေါင်ယံအထိတိုးပေးခဲ့ရပါတယ်။ တချို့မဲဆန္ဒရှင်တွေဟာ သူတို့ရဲ့မဲကိုပေးနိုင်ဖို့အတွက် နာရီနဲ့ချီပြီး တန်းစီခဲ့ကြပါတယ်။ မဲပေးဖို့မှတ်ပုံတင်ထားတဲ့ အီရန်ပြည်သူ ၅၆ သန်းအတွက် တနိုင်ငံလုံးမှာ မဲရုံ ၆ သောင်းကျော် ဖွင့်ထားပေးခဲ့ရပါတယ်။

အီရန်နိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့သွားစေခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တခြား ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား သမိုင်းဝင် နျူးကလီးယား သဘောတူညီချက်ရခဲ့ခြင်းဟာ Rouhani ရဲ့အနာဂတ်နိုင်ငံရေးအားသာချက်တခုဖြစ်ပါတယ်။ ဒါပေမယ့် ဘဏ်လုပ်ငန်းနဲ့ ငွေကြးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ပြီးရှိနေတဲ့အတွက် အဲဒီ သဘောတူညီချက်ကို Raisi က ဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေကတော့ Rouhani ဟာ လူကြိုက်အများဆုံးကိုယ်စားလှယ်လောင်း တဦးဖြစ်တယ်လို့ ရှုမြင်ခဲ့ကြပါတယ်။ ၁၉၈၁ ခုနှစ်နောက်ပိုင်း ကျင်းပတဲ့ အီရန်ရွေးကောက်ပွဲတွေမှာ လက်ရှိသမ္မတကပဲ ပြန်လည်အရွေးခံခဲ့ရတဲ့အတွက် Rouhani အနိုင်ရမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG