သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ဆုတ်ခွါသွားတဲ့နေရာ ပထမဆုံး ခရစ္စမတ်


အီရတ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်များ Bartella မြို့မှာ ခရစ္စမတ်ပွဲ က ျင်းပ
အီရတ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်များ Bartella မြို့မှာ ခရစ္စမတ်ပွဲ က ျင်းပ

အီရတ်နိုင်ငံ မြောက်ပိုင်းက Bartella မြို့ကလေးမှာ ၂၀၁၃ ခုနှစ်ကစပြီး ပထမဆုံး အကြိမ်အဖြစ် အီရတ်နိုင်ငံသား ခရစ်ယန်ဘာသာဝင်တွေ လာရောက်စုဝေးပြီး ခရစ်စမတ်ပွဲတော်ကျင်းပကြပါတယ်။

အီရတ်တပ်တွေက Mosul မြို့နားက ဒီမြို့ကလေးကို အိုင်အက်စ် စစ်သွေးကြွတွေ လက်ကနေ မကြာသေးခင်ကမှ ပြန်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပြီး အခု ခရစ်စမတ် ေ ခါင်းလောင်းသံ ကို ၃ နှစ်အတွင်း ပထမဆုံး အကြိမ်ပြန်ကြားလာရတာ ဖြစ်ပါတယ်။

ဒီမြို့ကလေးဟာ Assyrian ခရစ်ယံဘာသာဝင် ထောင်ပေါင်းများစွာ နေထိုင်တဲ့ မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် အိုင်အက်စ်တွေ အီရတ်တလွှား နေရာအတောများများကို သိမ်းခဲ့ချိန်မှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတာပါ။

ခရစ်ယန်တွေကို အိုင်အက်စ် စစ်သွေးကြွတွေက ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ပြီး အစ္စလန်ဘာသာထဲ မပြောင်းသူကို ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်တွေဟာ ခရစ်ယန်ဘာသာရေး အထွတ်အမြတ်နေရာ အတော်များများကို ဖျက်ဆီးခဲ့ရာမှာ Bartella မြို့ကလေးဟာလည်း အတော်ပျက်စီး သွားခဲ့တာပါ။

အခု ခရစ်စမတ်ချိန်မှာတော့ ရှေးဟောင်း ခရစ်ယန်မြို့ကလေးက မြို့ခံတွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရောက်ပြီး ခရစ်စမတ်ပွဲ ပြန်ကျင်းပနိုင်ပြီမို့ စိတ်သက်သာရာ ရနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG