သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက Raqqa မြို့ကို IS လက်ကပြန်ယူဖို့ ထိုးစစ်ဆင်


ဆီးရီးယားက Raqqa မြို့ကို IS လက်ကပြန်ယူဖို့ ထိုးစစ်ဆင်
ဆီးရီးယားက Raqqa မြို့ကို IS လက်ကပြန်ယူဖို့ ထိုးစစ်ဆင်

ဆီးရီးယားနိုင်ငံ Raqqa မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်သိမ်းယူဖို့အတွက် အမေရိကန်က ကူညီထောက်ပံ့ထားတဲ့ ကာ့ဒ်လူမျိုးစုတွေ အများစုပါဝင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF သူပုန်တွေနဲ့ တူရကီ ကြောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက သူပုန်တွေကြား တိုက်ခိုက်မှုတွေ အရှိန်ပြင်းထန် လာနေပါတယ်။

ဂျီဟက် စစ်ပွဲ ဆင်နွှဲနေသူတွေ မြို့တော်အဖြစ် သုံးနေတဲ့ Raqqa မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ ကာ့ဒ်သူပုန်တွေ ဦးဆောင်တဲ့ တပ်ဖွဲ့တွေကိုသုံးပြီး ထိုးစစ်ဆင်မှုကြီးတွေ အလုံးအရင်းနဲ့ စတင်ဖို့ အမေရိကန်အစိုးရက ကြိုးစားနေချိန်မှာ ဒီသူပုန်အဖွဲ့ နှစ်ခုကြားက တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အခြေအနေကို ပိုပြီးတော့ ရှုပ်ထွေးလာနေပါတယ်။

ဒီအခြေအနေကြောင့် အမေရိကန်နဲ့ တူရကီ အစိုးရကြားမှာ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး မထင်မှတ်တဲ့ ပဋိပက္ခတွေ ဖြစ်လာမှာကို အနောက်နိုင်ငံတွေက သံတမန်တွေနဲ့ သုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။ Euphrates မြစ်တလျှောက် တိုက်ပွဲတွေ စတင်ခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ကစလို့ IS စစ်သွေးကြွအဖွဲ့ ထိန်းချုပ်ထားတဲ့ ကျေးရွာ ၄၀ ကျော်ကို ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ပြန်လည် သိမ်းယူခဲ့တာပါ။ Raqqa မြို့တွင်းကို မဝင်ရောက်ခင် မြို့ရဲ့မြောက်ဘက် ကျေးရွာတွေမှာ ရှိတဲ့ IS အဖွဲ့တွေကို ချေမှုန်းနေတဲ့ ဒီစစ်ပွဲတွေမှာ SDF သူပုန်တွေကို အမေရိကန်က အဓိက ကြောထောက်နောက်ခံ ပေးနေတာပါ။

SDF တပ်ဖွဲ့တွေအနေနဲ့ Raqqa မြို့ကို ပြန်လည် သိမ်းယူနိုင်စွမ်း ရှိပါ့မလားလို့ သုံးသပ်သူတချို့က မေးခွန်းထုတ်နေကြပေမဲ့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူတွေကတော့ SDF အဖွဲ့ဟာ IS စစ်သွေးကြွတွေကို ထိထိရောက်ရောက် ချေမှုန်းနေတဲ့အဖွဲ့ ဖြစ်သလို၊ ဒီမြို့ကို ပြန်လည် သိမ်းယူနိုင်စွမ်း ရှိတဲ့အဖွဲ့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG