သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ ရထားတိုက်မှု လူ ၂၀ ထက်မနည်းသေဆုံး


အီတလီ ရထားတိုက်မှု လူ ၂၀ ထက်မနည်းသေဆုံး
အီတလီ ရထားတိုက်မှု လူ ၂၀ ထက်မနည်းသေဆုံး

အီတလီနိုင်ငံ တောင်ပိုင်း Puglia ဒေသမှာ ခရီးသည်တင် မီးရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိတာကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

ရထားတွဲ လေးတွဲစီ အသီးသီးပါတဲ့ ရထားနှစ်စင်းဟာ Corato မြို့နဲ့ Andria မြို့အကြား အသွားနဲ့ အပြန် ခရီးစဉ်အားလုံးအတွက် ရထားလိုင်းတလိုင်း တည်း ပေါင်းသွားတဲ့နေရာမှာ ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာလို့ အီတလီ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်မှာ ဒီ ရထားနှစ်စင်း တိုက်မိခဲ့တာနဲ့ ပတ်သက်လို့ ဘာကြောင့်ဆိုတာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဝေဟင်ကနေ ရိုက်ယူထားတဲ့ ပုံရိပ်တွေထဲမှာတော့ ရထားတွဲတွေ ထိခိုက်ပျက်စီးနေတာတွေကို တွေ့ရပါတယ်။ အီတလီ ဝန်ကြီးချုပ် Matteo Renzi ကတော့ ဘာကြောင့် ခုလိုဖြစ်ရတယ်ဆိုတာကို သိရတဲ့ စုံစမ်းစစ်ဆေး သွားမယ်လို့ ပြောပါတယ်။

အခုဖြစ်ရပ်ကြောင့် အီတလီနိုင်ငံ မြောက်ပိုင်း Milan မြို့ကို ရောက်နေတဲ့ သူ့ရဲ့ခရီးစဉ်ကို ဝန်ကြီးချုပ်က စီစဉ်ထားတဲ့အတိုင်း ဆက် မနေတော့ဘဲ ရောမမြို့ကို ပြန်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG