သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ


ကရင်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ (Hla Maung Shwe)
ကရင်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ (Hla Maung Shwe)

ကရင်လူမျိုးတွေရဲ့လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ ၃ ရက်ကြာ ကျင်းပပြုလုပ်နေပြီး ကရင်လက်နက်ကိုင်တွေနဲ့ ကရင်ပါတီတွေ ကရင်လူထု အခြေပြုအဖွဲ့အစည်းတွေ တက်ရောက်ကြပြီး ဆွေးနွေးပွဲရလာဒ်ကိုတော့ ဒုတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ပင်လုံကို တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်ဒေသ ၁၁ ခုက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကရင်လူမျိုးတွေရဲ့လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ကနေစတင်ကျင်းပခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ အနာဂတ်နိုင်ငံရေး၊ လူမူရေး၊ စီပွားရေးနဲ့ မြေယာနဲ့ သံယံဇာတပိုင်ဆိုင်ခွင့် အချက်တွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ လက်ရှိမှာတော့ ကရင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ်ရေးထိုး ထားတဲ့ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံးအပါအဝင ်လက်နက်ကိုင်အဖဲ့ွတွေလည်း ပါဝင် တက်ရောက်နေကြသလို့ နိုင်ငံရေးအရ တိုးတက်မူအလားအလာတွေနဲ့ ပတ်သက်လို့လည်း စာတမ်းတွေဖတ်ကြားခဲ့ကြတာပါ။ ကရင်ပြည်နယ်တွင်းက နိုင်ငံရေးဖြစ်ထွန်းတိုးတက်မူ အလားအလားနဲ့ ပတ်သက်လို့ အရပ်ဖက် ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေ ကိုယ်စားတက်ရောက်နေတဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ စောကျော်စွာ ကတော့ အခုလိုပြောပြပါတယ်။

“ကရင်အမျိုးသားတွေ အစုအပေါင်းများတော့ အခုအထိ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် နိုင်ငံရေးကိစ္စတွေ ဘာမှ မပြောရသေးဘူး။ အခုမှ ကျနော်တို့က စပြီးတော့မှ ကရင်အမျိုးသားတွေအနေနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ဖို့အတွက် မူဝါဒများ စတင်ဆွေးနွေးနေစဲပဲ ဖြစ်တယ်ပေါ့နော် အဲဒီတော့ တိုးတက်မှု အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာကတော့ ကျနော်အတိအကျတော့ မပြောတတ်ဘူး။”

ဆွေးနွေးပွဲကို ၃ရက်ကြာပြုလုပ်မှာဖြစ်ပြီး ဆွေးနွေးပွဲရဲ့ရလာဒ်တွေကိုတော့ ဒုတိယအကြိမ် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ပင်လုံကို တင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စာတမ်းတွေဖတ်ပြီးတော့ မနက်ဖြန်ကျရင်တော့ စာတမ်း ၁ စောင်ချင်းစီမှ မှုတည်ပြီးတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးမှာဖြစ်ပါတယ်။ဆွေးနွေးလို့ပြီးသွားရင်တော့ တပတ်ခါကျရင် ဆွေးနွေးလို့ရရှိတဲ့ စာတမ်းအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ အဲဒါ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆက်လက်ပြီးတော့ ၂၁ ပင်လုံ တင်သွင်းနိုင်ဖို့အတွက်ကို အတည်ပြုချက် ယူမယ်။”

ကရင်ပြည်နယ်ဘက်မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အတွက် တည်ငြိမ်မူတွေ အနည်းငယ်ရှိနေတယ်လို့ ပြောလို့ရပေမယ့် ကရင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်နဲ့ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲတွေ ကရင်လက်နက်ကိုင်တွေကြားမှာ နယ်မြေစိုးမိုးရေးကိစ္စတွေကြောင့် တိုက်ပွဲတချို့ လည်းရှိနေတာပါ ။

ဒီအတွက် မကြာခန ဆိုသလို နယ်ခြားစောင့်တပ်တွေနဲ့ဒီကေဘီအေခွဲထွက် တပ်ဖွဲ့တွေကြားမှာ ထိတွေမူတချို့ လည်း ရှိနေပါတယ်။ဒါဟာနိုင်ငံရေးအရ မဟုတ်ပဲ ကရင်ပြည်နယ်တွင်းမှာ တည်ဆောက်နေတဲ့ ဟတ်ကြီးရေကာတာကြောင့် နယ်မြေစိုးမူ အတွက်ဖြစ်နေတာတွေ လို့ယူဆကြောင်း အရပ်ဖက်လူအဖွဲ့အစည်းက ခေါင်းဆောင်စောကျော်စွာက ပြောပါတယ်။

“အထူးသဖြင့်တော့ ကျနော်တို့ ဟတ်ကြီးရေကာတာကို ပြီးခဲ့တဲ့ အစိုးရက လုပ်ဆောင်ဖို့အတွက် လုပ်ထားခဲ့တယ်။ အဲဒီလုပ်ထားတဲ့အပေါ်မှာ မူတည်ပြီးတော့ မဖြစ်မနေ လုပ်ဆောင်နိုင်ဖို့အတွက်က နယ်မြေစိုးမိုးမူ က အဓိကကျတယ်။ အဲဒါကြောင့်မို့လို့ အဲဒီနယ်မြေမှာ တမင်တိုက်ပွဲ ဖြစ်အောင်ဖန်တီးနေတဲ့ ပုံစံမျိုးလို့ မြင်တယ်။ ဆိုလိုတာကတော့ ရှင်းရှင်းပြောမယ်ဆိုရင်တော့ ယခင် အစိုးရက သဘောတူထားတဲ့ အရာတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် နယ်မြေစိုးမိုးမှု ရရှိနိုင်ဖို့အတွက် တမင်တိုက်ပွဲ ဖန်တီးတာပဲလို့ ကျနော်ကတော့ ပြောချင်တယ်။”

ကရင်လူမျိုးတွေရဲ့လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြိုမှာ ၃ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ဆွေးနွေးပွဲရဲ့ပထမဆုံး နေ့ မှာတော့ကရင်လက်နက်ကိုင်တွေ နဲ့ ကရင်ပါတီတွေ ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့သလို ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ကေအန်ယူဥက္ကဋ္ဌ ဖူးမူထူးစေးဖိုး ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ငြိမ်းချမ်းရေးဗဟိုဌာနက ဒေါက်တာတင်မျိုးဝင်း၊ အရှေတောင်တိုင်းစစ်ဌာနချုပ်ကတိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း တို့လည်း တက်ရောက်ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG