သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam သတ်ခံရမှု သံသယရှိသူ၂ ဦးကို ခုံရုံးတင်မည်


သံသယရှိသူနှစ်ဦး ဖြစ်တဲ့ Doan Thi Huong နှင့် Siti Aisyah
သံသယရှိသူနှစ်ဦး ဖြစ်တဲ့ Doan Thi Huong နှင့် Siti Aisyah

မြောက်ကိုရီးခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ၊ မအေကွဲ အကိုဖြစ်သူ အသတ်ခံရမှုနဲ့ ဆက်နွယ်ပြီး၊ ဖမ်းဆီးထားသူ အမျိုးသမီး ၂ ဦး ကို မနက်ဖြန်မှာ တရားဝင် လူသတ်မှုနဲ့ စွဲချက်တင်မှာဖြစ်ကြောင်း မလေးရှားရှေ့နေချုပ်က ပြောပါတယ်။

သံသယရှိသူတွေအဖြစ် ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah နဲ့ ဗီယက်နမ်နိုင်ငံသူ Doan Thi Huong တို့ ၂ ဦး စလုံးကတော့၊ သူတို့အနေနဲ့ ဟာသရုပ်မြင်သံကြား အစီအစဉ်တခုအတွက် သရုပ်ဆောင်နေတယ်လို့ ထင်ခဲ့ကြတဲ့အကြောင်း ပြောဆိုထားကြတာပါ။ သူတို့ ၂ ဦး ရင်ဆိုင်ရမယ့် စွဲချက်ဟာ သေဒဏ်အထိ အပြစ်ပေးနိုင်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူ၊ မအေကွဲအကိုဖြစ်သူ Kim Jong Nam ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Kuala Lumpur လေဆိပ်မှာ အမျိုးသမီး ၂ ဦးက မျက်နှာကို အဝတ်နဲ့ အုပ်ခဲ့ပြီး၊ သိပ်မကြာခင်မှာပဲ သေဆုံးခဲ့တာပါ။ မလေးရှား အာဏာပိုင်တွေကတော့ သေဆုံးသူရဲ့ မျက်နှာကို VX အဆိပ်သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားကြပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လေဆိပ် လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ Kim Jong Nam က ရဲတွေနဲ့ စကားပြောပြီး၊ အရေးပေါ် ဆေးကုသဖို့ ခေါ်ယူသွားခဲ့တာကိုလည်း တွေ့ကြရပါတယ်။

ရဲတပ်ဖွဲ့ကတော့ မြောက်ကိုရီးယား နိုင်ငံသား တဦးကိုလည်း ဖမ်းဆီးထားပြီး၊ နောက်ထပ် မြောက်ကိုရီးယား ၇ ဦးကိုလည်း သံသယရှိသူတွေအဖြစ် စစ်ဆေးမေးမြန်းဖို့ အလိုရှိနေတဲ့ အကြောင်း အာဏာပိုင်တွေက ကြေညာထားပါတယ်။ မြောက်ကိုရီးယား အစိုးရကတော့ သေဆုံးသူဟာ Kim Jong Nam ဖြစ်ကြောင်း တရားဝင် အတည်ပြု ပြောဆိုတာမျိုး မရှိသေးပါဘူး။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ်ကြီးဟောင်း Ri Tong Il အပါအဝင် အဆင့်မြင့် သံကိုယ်စားလှယ် အဖွဲ့တဖွဲ့ကတော့ အလောင်းကို ပြန်ပေးဖို့နဲ့၊ ထိန်းသိမ်းထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ ဒီကနေ့ပဲ Kuala Lumpur ကို သွားရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG