သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam သတ်ခံရမှု မြောက်ကိုရီးယား သံတမန်တဦးကို သံသယရှိနေ


မလေးရှားရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ
မလေးရှားရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဖေတူ အမေကွဲအကို Kim Jong Nam သေဆုံးသွားတဲ့ဖြစ်ရပ်အတွက် သံသယရှိတဲ့ မြောက်ကိုရီးယား သံတမန်တဦးအပါအဝင် နောက်ထပ် မြောက်ကိုရီးယားနိုင်ငံသားသုံးဦးကို စစ်ဆေး မေးမြန်းချင် တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

နောက်ထပ်သံသယရှိထားသူတွေထဲမှာ တဦးက မလေးရှားနိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယားသံရုံးက ဒုတိယအတွင်းဝန် Hyon Kwang Song ဖြစ်တယ်လို့ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မလေးရှားရဲချုပ် Khalid Abu Bakar ကပြောပါတယ်။

တခြားသံသယရှိသူတွေကတော့ မြောက်ကိုရီးယားလေကြောင်းလိုင်း Air Koryo မှာလုပ်တဲ့ Kim Uk Il ဆိုသူနဲ့ Ri Ji U လို့ဆိုသူ မြောက်ကိုရီးယားနိုင်ငံသား တို့ဖြစ်တယ်လို့ ပြောပေမယ့် နောက်ဆုံးလူနဲ့ပတ်သက်တဲ့ အသေး စိတ်တွေကိုတော့ မပြောပါဘူး။

ဒီ နောက်ထပ်သံသယရှိထားသူတွေဟာ ကွာလာလမ်ပူမြို့တော်မှာပဲ ရှိနေသေးပြီး ကိုယ်တိုင်လာပြီး အစစ်မခံဘူးဆိုရင် အတင်း အကျပ် အစစ်ခံခိုင်းရမယ်လို့ ရဲချုပ် Bakar ကပြောပါတယ်။

မလေးရှားနိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံကို ပြန်ထွက်ပြေးသွားပြီလို့ ယူဆထားတဲ့ တခြားသံသယရှိသူ မြောက်ကိုရီးယားနိုင်ငံ သားတွေကို မလေးရှားနိုင်ငံကို ပြန်ပို့ပေးဖို့လဲ မလေးရှားရဲက မြောက်ကိုရီးယားအစိုးရကို အကြောင်းကြားထားပါတယ်။ အဲဒီလူ တွေဟာ အကြီးအကျယ် ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြောင်း၊ ဒါကြောင့် သူတို့ကိုဖမ်းဆီးပြီး ပြန်လွှဲပေးရေး ကူညီဖို့ မြောက်ကိုရီးယားသံရုံးကို ပန်ကြားထားကြောင်း မလေးရှားရဲချုပ် Abu Bakar ကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG