သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသတိုက်ပွဲတွေ ဆက်ဖြစ်


တိုက်ပွဲဖြစ်ပြီးစ လောက်ကိုင်မြို့ (ဓါတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)
တိုက်ပွဲဖြစ်ပြီးစ လောက်ကိုင်မြို့ (ဓါတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ အင်္ဂါနေ့ညအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေဆဲဖြစ်ပြီး၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ဆက်ပြီး ထွက်ပြေးလာနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်နားက ရန်လုံကျိုင်းနဲ့ လောက် ကိုင်ဒေသ တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မတ်လ ၁၄ ရက် အင်္ဂါနေ့ အထိ စစ်ဘေးရှောင်ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ပြေးဝင်ခိုလှုံနေ ကြဆဲပဲလို့ တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် နမ့်စမ်မြို့ ဘုန်းကြီးကျောင်း ဆရာတော် ဦးကေသရက မိန့်ပါတယ်။

“ မနက် ၈ နာရီ ၉ နာရီလောက်က စပြီးတော့ ည ၈ နာရီ ၉ နာရီ ပတ်ဝန်းကျင်ထိ ဗုံးတွေ လက်နက်ကြီးတွေ အမြဲတမ်း ထုတာပေါ့နော်။ နောက် သေနတ်သံကလည်း တဦးနဲ့တဦး ကြိုကြား ကြိုကြား တိုက်တာပေါ့။ ညသန်းခေါင်မှာလည်း လက်နက်ကြီးကတော့ ကျတုန်းပဲ .. ဒုန်း .. ဒုန်း ဒုန်းနဲ့ ည ၁ နာရီပတ်ဝန်းကျင် အဲလိုပေ့ါ။ ဒုက္ခသည်က ၃ သောင်းကျော် တာပေါ့ ဝင်လာတဲ့သတင်း ကြားပါတယ်။ ခုထိ လာတုန်းပဲတဲ့”

တရုတ်နိုင်ငံထဲ ပြေးဝင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၃ သောင်းကျော်ရှိနေပြီး သူတို့ကို တရုတ်နယ်စပ် မိုင်တိုင်အမှတ် ၁၂၅ မှာ တရုတ် အစိုးရက ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းမှာ ပြုစုစောင့်ရှောက်ထားပါတယ်။ ဒုက္ခသည်တွေ မိမိတို့ နေရပ်ရင်းကို ပြန်ချင်ပေမယ့် စစ်ပွဲတွေကြောင့် မပြန်နိုင်ကြသေးဘူးလို့ နမ့်စမ်ကျောင်း ဆရာတော် ဦးကေသရက မိန့်ပါတယ်။

“ ပုံမှန် သူတို့က အစားအသောက်လည်း ချက်ကျွေးတာပေါ့နော်။ နောက်ပြီး စောင်တို့ အိပ်ယာတို့ အကုန်လုံး သူတို့လုပ်ပေးပါတယ်။ ဒုက္ခသည် တဲတွေမှာ မိသားစု တခုတခုချင်းစီအတွက် လုပ်ပေးထားတယ်။ သူတို့က အိမ်ပြန်ချင်တယ် ပြောကြတယ်။ ကြံတွေ ပြန်ခုတ်ချင် တယ်တဲ့၊ ကြံမခုတ်ရတော့ ဒီနှစ်ရှုံးတာပေါ့တဲ့ .. အဲလိုပြောကြတယ်။ အသံတွေကတော့ မကောင်းကြဘူးပေါ့။”

လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် လောက်ကိုင်မြို့မှာ စီပွားရေး လာရောက်လုပ်ကိုင်သူထဲက ၄ ထောင် လောက်ဟာ သူတို့ရဲ့ မူရင်းနေရပ ်အသီးသီးကို မနေ့က ထပ်မံ ထွက်ခွာသွားကြတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ ထုတ်ပြန်တဲ့ သတင်း တွေမှာဖေါ်ပြပါတယ်။

လောက်ကိုင်မြို့ကိုတော့ တပ်မတော်အပါအဝင် နယ်ခြားစောင့်တပ်၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက လုံခြုံရေးအထူး တင်းကြပ်ထားပြီး နယ်စပ် ကုန်သွယ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကိုလည်း တပ်မတော်က ထိန်းချုပ်ထားပါတယ်။ လောက်ကိုင်မြို့အဝင်အထွက် ကွမ်းလုံ၊ သီန္နီ၊ လာရှိုး စတဲ့ လမ်းတလျှောက်မှာလည်း လုံခြုံရေးဂိတ်တွေ တိုးချထားပြီး စစ်ဆေးမှုတွေ တင်းကြပ်ထားကြောင်း သိရပါတယ်။

ကိုးကန့်ဒေသမှာ မတ် ၆ ရက်ကနေ ၁၂ ရက်အထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်က လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်ဆောင်ရွက်နေကြောင်း၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ တိုက်ပွဲအတွင်း တပ်မတော်ဘက်က အရာရှိနဲ့ စစ်သည်အချို့ ဆုံးရှုံးပြီး၊ တချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပ်မတော်က မတ်လ ၁၃ ရက်မှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေဆက်ဖြစ်
please wait

No media source currently available

0:00 0:02:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG